ပြည်တွင်းနှမ်းလက်ကျန်များ ပင်လယ်ရေကြောင်းက တင်ပို့မှု ဆက်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၀၀ တင်ပို့မှု ရှိခဲ့ပြီး ယခုတစ်ပတ် မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ နှမ်းစုစုပေါင်း တန်ချိန် ၅၅၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်ကို တင်ပို့မှုမရှိဘဲ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ မေလ တစ်လလုံးမှာ နှမ်းတန်ချိန် ၂၅၀၀ ကျော်တင်ပို့ခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၁၃၀၀ ခန့် သာရှိခဲ့ပါတယ်။ ၂၀၁၁ မေလအတွင်းမှာ တန်ချိန် ၁၇၀၀ ခန့်သာရှိခဲ့လို့ ယခုနှစ်မေလမှာ ပင်လယ်ရေကြောင်းက ပိုမိုတင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၁ ရက်နေ့အထိနှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ နှမ်းတန်ချိန် ၇၄၀၀ နီးပါးရှိပြီး ကန်ဒေါ်လာ ၁၁ ဒသမ ၁၇ သန်းရရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၁၀၀ ကျော်မှရရှိတဲ့ ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖိုးထက် ပမာဏရော တန်ဖိုးပါ ပိုမိုခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
Background