၂၀၁၀-၁၁ ခုနှစ်က ပခုက္ကူမှာ မိုးမြေပဲ ၄၀၁၃ ဧက စိုက်ခဲ့ပြီး၊ ၄၀ ဒသမ ၀၇ တင်းနှုန်းထွက်ခဲ့ရာက ၂၀၁၁-၁၂ မှာ မိုးရာသီက အခြေအနေပေးလို့ ၄၈၅၇ ဧကစိုက်ပြီး၊ ၄၆ ဒသမ ၅၆ တင်းနှုန်းထိ တိုးထွက်ခဲ့ပါတယ်။ ဆောင်းမြေပဲကတော့ ၂၀၁၀-၁၁ မှာ ၉၀၅၈ ဧက စိုက်ခဲ့ရာ ၆၈ ဒသမ ၇၅ တင်း ထွက်ပေမယ့် ၂၀၁၁-၁၂ မှာ ၁၁၉၀၅ ဧကထိ တိုးစိုက်ပေမယ့် ဥ၂ြ မုန်တိုင်းကြောင့် ၆၅ ဒသမ ၃၀ တင်းသာ ထွက်ခဲ့ပါတယ်။ ဒါကြောင့် ဥတုရာသီ တောကိုမှီဆိုတဲ့ သစ်တောဌာနက ဆောင်ပုဒ်အပြင် ဥတုရာသီမြေပဲမှီ၏လို့ ဆိုချင်ပါတယ်။ မိုးမြေပဲရော ဆောင်းမြေပဲပါ ရာသီဥတုအပေါ် လုံးဝမူတည်နေပါတယ်။ ဒီနှစ်တော့ မုတ်သုံမိုး ပုံမှန်ရတဲ့ ဂန့်ဂေါနယ်၊ ယော၊ ဆောနယ်တွေ မှာတော့ မိုးမြေပဲများ အပြည့်အဝစိုက်ပြီးကြပါပြီ။ ပခုက္ကူခရိုင်ထဲမှာလဲ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေမှာ စိုက်သင့်သလောက် စိုက်ပြီးကြပါပြီ။ ပြီးခဲ့တဲ့ နှစ်ကတော့ မြေပဲတွေနေရာအနှံ့အထွက်တိုးခဲ့တော့ တရုတ်ဘက်ကို လုံးဆန်အတိုင်း တင်ပို့တာ ရှိသလို ရခိုင်ဘက်က ဆီဆံတွေကလည်း မကွေး၊ တောင်တွင်း၊ အောင်လံဈေးကွက်တွေမက ပခုက္ကူဈေးကွက် အထိပါ တိုးချဲ့ ဝင် ရောက်လာတာတွေ့ရ ပါတယ်။ ဒါကြောင့် ဆီစက်တွေလဲ ကုန်ကြမ်းတွေပြည့်ဝပြီး၊ ကြိတ်သံခွဲသံ တွေပြန်ကြားရပါတယ်။ နိုင်ငံတော်ကလည်း ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ မြေပဲဆီ၊ နှမ်းဆီတွေ ကို ပြည်ပတင်ပို့ခွင့် ပြုထားတာကြောင့် မြေပဲနဲ့ ဆီဈေးကွက်လိုအပ်ချက်တွေ ဖြည့်နိုင်ဖို့ ပခုက္ကူက ဆီစက်တွေ မနှစ်ကထက် ပိုမိုလည်ပတ် လာနိုင်တယ်လို့ ဆီစက်ပိုင်ရှင် ဦးဝင်းဆွေက ပြောပါတယ်။ မောင်မောင်အေး
Background