Main menu

Background

အီးယူဇုန်ပြဿနာအပေါ် စိုးရိမ်မှုများဆက်ရှိနေပေမယ့် ဝယ်လိုအားခိုင်မာနေလို့ စားအုန်းဆီ ဈေးမြင့်တက်လာ

Sun, 06/24/2012 - 03:18 -- Anonymous (not verified)

        ရင်းနှီးမြှုပ်နှံသူများက အီးယူဇုန်အကျပ်အတည်းကြောင့် စီးပွားရေးတိုးတက်မှုနဲ့ ကုန်စည်ဝယ်လိုအား  ကျဆင်းမှာကို စိုးရိမ်မှုတွေ ကြီးစိုးနေပေမယ့်လည်း အာရှမှ စားဆီဝယ်လိုအားမြင့်တက်လာတာကြောင့် ဇွန်လ ၆ ရက်မှာ မလေးရှားစားအုန်း ဆီ ကြိုပွိုင့်ဈေးဆက်လက်မြင့်တက်လာပါတယ်။ ဇွန် ၄ ရက်မှာ စားအုန်းဆီဈေးက အနိမ့်ဆုံးအဆင့်နဲ့ ပိတ်ခဲ့ပေမယ့် ဈေးကွက်ကစားသူများ အဝယ်ပြန်ထွက်လာလို့ တစ်ကျော့ပြန် ဈေးပြန်တက်လာတာဖြစ်ပါတယ်။    ဇွန် ၄ ရက်မှာ ကျဆင်းပြီးနောက် လွန်ခဲ့တဲ့ ၂ ရက်မှာအောက်ခြေဈေးကနေ ပြန်တက်လာခဲ့ပါတယ်။ ဒါပေမယ့်အီးယူဇုန်ပြဿနာ ဖြေရှင်းရခြင်း မရှိသေးလို့ စားအုန်းဆီဈေး ပြန်ကျမယ့်အခြေအနေရှိနေတယ်လို့ စင်ကာပူရှိ Phillip ကြိုပွိုင့်မှ ကုန်စည်လေ့လာဆန်းစစ်သူ Ker  Chung  Yang  က ဆိုပါတယ်။ မလေးရှား စားအုန်းဆီ ဘုတ်က ထုတ်ပြန်မယ့် စာရင်းတွေက ဈေးနှုန်းအပေါ် သက်ရောက်မှုကို လည်း ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။    ဘာစာမလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လအခြေခံစံနှုန်း စားအုန်းဆီ ကြိုပွိုင့်ဈေးက ဇွန် ၄ ရက်မှာ တစ်တန်ရင်းဂစ် ၂၉၂၅ (ကန်ဒေါ်လာ ၉၂၃) အထိ ၂၀၁၁ နိုဝင်ဘာလ ၂ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ရာမှ ဇွန်လ ၆ ရက်မှာ တော့ ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုလာပြီး၊  ရင်းဂစ် ၃၀၀၃ (ကန်ဒေါ်လာ ၉၄၆) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ရောင်းဝယ်မှု ပမာဏမှာလည်း ပုံမှန် ထက် ပိုလာတယ်လို့ ဆိုပါတယ်။     မူစလင်ဘာသာဝင်များက ဇူလိုင်လလယ်မှာ စတင်မယ့် ဥပုသ်လအတွက် ကြိုတင်ပြင်ဆင်မှုတွေကြောင့် မေလအတွင်း စားအုန်းဆီဝယ်လိုအား ခိုင်မာနေခဲ့ပါ တယ်။ပြည်ပတင်ပို့မှုတိုးတက်ခြင်းကလက်ကျန်လျော့ပါးစေတာကြောင့်  မလေးရှား နိုင်ငံရဲ့ လက်ကျန်ပမာဏ လျော့တဲ့အပေါ်လည်း ဈေးကွက်က စိုးရိမ်နေကြပါတယ်။ မလေးရှား စားအုန်းဆီဘုတ်က လက်ကျန်အခြေအနေကို ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။    အီးယူဇုန်ပြဿနာ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းကြောင့် ဈေးကွက်အပြောင်း အလဲ ဆက်ရှိနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ နိုင်ငံရေး ထိန်းချုပ်နိုင်မှုကို ဆုံးဖြတ်ပေးမယ့် ဇွန်လ ၁၇ ရက်မှာ ကျင်းပမယ့် ဂရိရွေးကောက်ပွဲကိုလည်း စောင့် ကြည့်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဇွန်လ ၆ ရက်နေ့က ရေနံဈေးနှုန်းက တစ်စည် ကန်ဒေါ်လာ၁၀၀ထိ မြင့်တက်ခဲ့ပြီး၊ ဒေလီယံဟင်းသီးဟင်းရွက်ဆီ ဈေးကွက်မှာ ဇူလိုင်လပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးမှာ  ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုလာပြီး၊ ၂၀၁၃ ဇန်နဝါရီလပို့ရမယ့် ပဲပုပ်ဆီဈေးကလည်း သုည ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ယုဇန