အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းပြီး ဈေးကွက်လည်းဝင်တဲ့ မျိုးကောင်း၊ မျိုးသန့်တွေ ပြောင်းလဲစိုက်ပျိုးသင့်ကြပြီ

    ပြီးခဲ့တဲ့ရက်ထဲမှာ ဧရာဝတီတိုင်းဒေသကြီး ထဲက မြို့နယ်အချို့ကို ရောက်ရှိခဲ့ပြီး စပါးစိုက် ပျိုးတဲ့ တောင်သူလယ်သမားတွေ၊ ပဲမျိုးစုံနဲ့ အခြား သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေ၊ ကုန်သည်ပွဲစား တွေ၊ ဆန်စက်ပိုင်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြည့် ရာမှာ သူတို့တစ်ဦးချင်းစီနဲ့ အမြင်တွေ၊ ခံယူချက် တွေ၊ လုပ်ကိုင်နေကြတဲ့ သဘောသဘာဝတွေကို ရှုထောင့်စုံက လေ့လာသိရှိခဲ့ရပါတယ်။တောင်သူလယ်သမားတွေက သူတို့ဒေသ မှာ သူတို့မိရိုးဖလာအတိုင်း နှစ်စဉ်စိုက်ပျိုးနေကြ သီးနှံ အမျိုးအစားကို ဖက်တွယ်စိုက်ပျိုးနေကြ တယ်။ ဘယ်သီးနှံက ဈေးကောင်းပိုရတယ်။ ဈေး ကွက်ပိုဝင်တယ်ဆိုတာ အများစုက မသိကြဘူး။ သူတို့ဆီကို အသိပညာပေးဖြန့်ဝေမှုတွေ လုပ်ပေး နေတယ်ဆိုပေမယ့် မထိရောက်သေးတာ သတိပြု မိပါတယ်။ ကုန်သည်တွေ၊ ပွဲစားတွေနဲ့  တွေ့ချိန်မှာ တော့ "ကျွန်တော်တို့ဒေသက မတ်ပဲအဓိကစိုက် ကြတယ်၊ ဒီနှစ်ဈေးမကောင်းလို့ တောင်သူတွေ မချောင်လည်သလို ကျွန်တော်တို့လဲ အဆင်မပြေ ပါဘူး။ တောင်သူတွေ စိုက်ပျိုးထုတ်လုပ်မှ ကုန် သည်၊ ပွဲစားတွေက ရောင်းကြ၊ ဝယ်ကြလုပ်နိုင် မှာဖြစ်လို့ ဈေးကောင်းရသည်ထက်ရပြီး အထွက် လည်း ကောင်းစေချင်ပါတယ်။ မတ်ပဲစိုက်တာ အဆင်မပြေရင် ပဲတီစိမ်း၊ ပဲပုပ်လိုအခြားပဲမျိုးတွေ၊ ဆီထွက်သီးနှံစိုက်လို့ရတဲ့ မြေမှာ  မြေပဲ၊ နှမ်း၊ နေကြာစတာမျိုးတွေ ပြောင်းလဲစိုက်ပျိုးဖို့ တောင် သူတွေကို အသိတော့ပေးနေကြတယ်။ ဒါပေမဲ့ မထိရောက်သေးဘူး''လို့ ပြောကြပါတယ်။ဆန်စက်ပိုင်ရှင်တစ်ဦးကတော့ "ကျွန်တော် တို့နယ်က တောင်သူလယ်သမားတွေက နွေစပါး ကို သီးထပ်ရင်ပဲ အဓိကစိုက်တယ်။ သီးထပ်ရင် က စက် ကြိတ်မခံဘူး။ စပါးတင်း ၁၀၀ ကြိတ် ရင် ဆန်အိတ် ၁၆ အိတ်၊ ၁၇ အိတ် လောက်ပဲ ပြန်ရတော့ တွက်ခြေမကိုက်ဘူး။ တွက်ခြေမကိုက် တော့ တောင်သူဆီက စပါးကို ၂၅၀၀၀၀ ကျပ် ဈေး၊ ၂၆၀၀၀၀ ကျပ်ဈေးထက်ပိုမပေးနိုင်ဘူးပေါ့။ တခြားအရည်အသွေးကောင်းတဲ့  စပါးမျိုးပြောင်း ပြီးစိုက်မှ လယ်သမားရော၊ စက်ပိုင်တွေပါ အပြန် အလှန် အကျိုးရှိနိုင်မှာပါ''လို့ပြောပါတယ်။ "မိုး စပါးအပြီးမှာလည်း မတ်ပဲကို အချိန်လုစိုက်ချင် တာကြောင့် ရိတ်ပြီးတဲ့စပါးကောက် လှိုင်းစည်းတွေ ကိုလယ်ကန်သင်းပေါ်အကြာကြီးစုပုံထားတဲ့အတွက် အေးတဲ့ ဒဏ်၊ နေပူတဲ့ ဒဏ်နဲ့ အချိန်အခါမဲ့မိုး တွေကြောင့် စပါးတွေ အဝါဖောက်၊ အဆစ်ကျိုး တွေဖြစ်ပြီး အပျက်အစီးရှိခဲ့တယ်''လို့ ထပ်ပြော ပြပါတယ်။ဒီနှစ်စပါးဈေး၊ မတ်ပဲဈေးနဲ့ အခြားပဲမျိုးစုံ ဈေးတွေကျနေတာကြောင့်  တောင်သူတွေလည်း ဈေးကောင်းမရသလို  နိုင်ငံတကာ   ဈေးနှုန်းတွေ ကလည်း အကျဘက်မှာ ရှိနေခဲ့ပါတယ်။ မတ်ပဲ စိုက်လို့ထွက်ပေါ်လာတဲ့အချိန်မှာ ဈေးကောင်းမရ တဲ့အပြင် နွေစပါးမှာ သီးထပ်ရင်လို စပါးမျိုးစိုက် မိလို့ ဈေးကောင်းမရတာကြောင့် တောင်သူတွေ နှစ်ခါရှုံးတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါ တယ်။ဒါကြောင့် စပါးပဲဖြစ်ဖြစ်၊ ပဲမျိုးစုံပဲဖြစ်ဖြစ် အထွက်နှုန်းကောင်း၊  အရည်အသွေးလည်း ကောင်းပြီး၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်တဲ့ မျိုးကောင်း၊ မျိုးသန့်တွေ ပြောင်းလဲစိုက်ပျိုးကြဖို့ လိုအပ်နေတာတွေ့ရှိရမှာဖြစ်ပါတယ်။ တောင်သူ တွေ မျိုးအလွယ်တကူ ဝယ်လို့ရအောင် မျိုးစေ့ ကုမ္ပဏီတွေ၊ မျိုးစေ့ လိုအပ်သလောက် ရောင်းချ ပေးနိုင်တဲ့ မျိုးစေ့ဈေးကွက်တွေရှိဖို့လည်း  လို အပ်မှာဖြစ်ပါတယ်။ လောလောဆယ် အခြေအနေ မှာတော့ ကုန်သည်၊ ပွဲစားများက မိမိတို့မြို့နယ် တွေမှာ မျိုးစေ့များဖြန့်ဖြူးရောင်းချပေးတာမျိုးကို ဆောင်ရွက်ပေးသင့်ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာရှိတဲ့ ဆန်စပါးအထူးပြုကုမ္ပဏီကြီး တစ်ခုက သူတာဝန်ယူထားတဲ့ မြို့နယ်မှာ အာမခံ လယ်ယာစနစ်နဲ့ မျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေး နည်းစနစ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေး ခြင်းကို ဆောင်ရွက်ပေးနေတာ သိရှိရပါတယ်။ အလားတူ အခြား အထူးပြုကုမ္ပဏီများအနေနဲ့ လည်း ဒီလိုမျိုးဆောင်ရွက်ပေးသွားနိုင်ရင်  တောင် သူများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ပိုမိုအားထည့် ဆောင်ရွက်နိုင်လာမှာဖြစ်သလို ယုံကြည်စိတ်ချရ တဲ့မျိုးစေ့တွေကို  အဆင်သင့်ဝယ်ယူစိုက်ပျိုးနိုင် မှာပဲ ဖြစ်ပါတယ်။ ဒီလို  မျိုးပြောင်းလဲစိုက်ပျိုးသင့်တာတွေနဲ့ ဈေးကွက်သတင်းအချက်အလက်တွေကို တောင် သူလယ်သမားများ သိရှိနိုင်အောင် ကျယ်ကျယ်ပြန့် ပြန့်ဖြန့် ဝေပေးဖို့လိုအပ်ပါတယ်။ FAO ရဲ့အကူ အညီနဲ့ ရန်ကုန်၊ မန္တလေး၊ မူဆယ် ကုန်စည်ဒိုင်များ မှာ ဈေးနှုန်းအလိုအလျှောက် ဖြေကြားစက်များ တပ်ဆင်ပေးထားပြီးဖြစ်ပေမယ့်  အခုအထိ မထိ ရောက်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့် FAO   နဲ့ညှိနှိုင်းပြီး မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ပြည်နဲ့ ပုသိမ်  ကုန်စည်ဒိုင်များမှာ  ဈေးနှုန်းအလို အလျှောက် ဖြေကြားစက်များတပ်ဆင်ရန် ညှိနှိုင်း ထားရှိပြီးဖြစ်ပါတယ်။ ကုန်သည်အသင်းအဖွဲ့များ ကလည်း မိမိဒေသက တောင်သူများသိရှိအောင် အသိပညာပေးမှုများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေ အနေများကို  ဖြန့်ဝေပေးသွားကြလို့  လိုအပ် ကြောင်း တင်ပြလိုက်ရပါတယ်။