စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၀၀၅၀၀ ၃၉၉၀၀၀ ၂ မုံရွာ ၁ ပိဿာ ၆၀၀ ၆၂၅ ၃ ပြည် ၁ ပိဿာ ၆၁၀ ၆၀၇ ၄ ဟင်္သာတ ၁ ပိဿာ ၆၁၅ ၆၁၃ ၅ မန္တလေး ၁ ပိဿာ ၆၀၀ ၆၃၃ မတ်ပဲဈေးအနည်းငယ်လှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၀၂၀၀၀ ကျပ် ဈေးနဲ့ အဝယ်ရှိရာက ဇွန် ၅ ရက်မှာ တစ်တန်ကို ၄၀၂၂၅၀ ကျပ် ဈေးသို့ ဈေးမြင့်ခဲ့ပြီး ဇွန် ၆ ရက်နေ့မှာတော့ ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် တစ်တန်ကို ၄၀၁၅၀၀ ကျပ်သို့ဈေးပြန်ဆင်းခဲ့ကာ ဇွန် ၇ ရက်နေ့မှာ တော့ တစ်တန်ကို ၃၉၉၀၀၀ ကျပ်အထိ ထပ်မံဈေးကျခဲ့ပါတယ်။ ဇွန် ၈ ရက်နေ့မှာတော့ တစ်တန်ကို ၄၀၀၅၀၀ ကျပ်ဈေးသို့ ဈေးပြန် မြင့်ခဲ့ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန် ၃၃၃၅ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန် အဆွဲအေးနေပြီး မြို့ခံပဲခွဲစက်များသာ ဝယ်အား အနည်းငယ်ရှိခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတစ်ပိဿာ ၆၃၃ ကျပ် (တစ်တန်ကို ၃၈၅၈၀၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမငြိမ်တဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာကို ၆၁၃ ကျပ်(တစ်တန်ကို ၃၇၅၃၉၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀၀ မှ ၂၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည် ဈေးကွက်မှာ မတ်ပဲဈေးကွက်သို့ အဝင်နည်းပေမယ့် ရန်ကုန်အဆွဲ ကတော့ ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၀၇ ကျပ်(တစ်တန်ကို ၃၇၁၇၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။
Background