စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မကွေး ၁ ပိဿာ ၁၀၅၂ ၁၀၅၂ ၂ မုံရွာ ၁ ပိဿာ ၁၀၈၉ ၁၀၇၄ ၃ မန္တလေး ၁ ပိဿာ ၁၁၃၈ ၁၁၀၂ ၄ ရေစကြို ၁ ပိဿာ ၁၀၈၀ ၁၀၄၀ပဲတီစိမ်း (အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီး(အဟောင်း)နဲ့ စာရင် ပဲတီ စိမ်း(အသစ်)ကိုသာ တရုတ်အဆွဲများခဲ့တယ်လို့ သိရပါတယ်။ ပဲဟောင်းက အရည်အသွေး နည်းနည်းညံ့လာပြီလေ၊ ဒါကြောင့် တရုတ်ဝယ်လက်က အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း (အသစ်) ကိုသာ ဝယ်အားများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်း တစ်ပိဿာကို ၁၁၀၂ ကျပ်(တစ် တန်ကို ၆၇၄၈၅၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ မှ ၈၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲ တီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၅၂ ကျပ် (တစ်တန်ကို ၆၄၄၂၃၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ဒီ တစ်ပတ်ပဲတီစိမ်းကြီးကို မန္တလေးအဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန် သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background