Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Sun, 06/24/2012 - 03:24 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ  ယခင်     ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ    ၉၉၃      ၉၉၃                ၂    မကွေး            ၁ ပိဿာ    ၉၉၀      ၉၉၅         ၃    မုံရွာ               ၁ ပိဿာ      ၉၆၈     ၉၈၄        ၄    အောင်လံ        ၁ ပိဿာ      ၉၉၀      ၉၉၀        ၅    မြင်းခြံ            ၁ ပိဿာ      ၉၉၀      ၉၈၅    ၆    ပြည်              ၁ ပိဿာ      ၁၀၀၅    ၁၀၁၀    ၇    ပခုက္ကူ            ၁ ပိဿာ      ၉၈၄       ၉၈၄ကုလားပဲအရောင်းအဝယ်ပုံမှန်ရှိနေ    မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ် အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၉၃ ကျပ်(တစ်တန် ကို ၆၀၈၁၀၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲ စက်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက် မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၉၅ ကျပ် (တစ်တန်ကို ၆၀၉၃၂၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲကို ခွဲစက်နဲ့ အမှုန့် ကြိတ်စက်များက ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၉၀ ကျပ်(တစ်တန်ကို ၆၀၆၂၆၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်အနည်း ငယ်နဲ့ ဒေသတွင်းခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲလက်လီ သမားများ ဝယ်အားပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၈၄ ကျပ်(တစ်တန်ကို ၆၀၂၅၉၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ် ကွက်မှ သိရပါတယ်။