Main menu

Background

ပဲစင်းငုံနီ

Sun, 06/24/2012 - 03:25 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်       ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၅၃၀၀၀    ၄၆၆၀၀၀                ၂    မန္တလေး         ၁ ပိဿာ         ၆၈၃          ၇၀၈         ၃    မုံရွာ              ၁ ပိဿာ         ၆၈၅          ၇၀၀        ၄    ပခုက္ကူ           ၁ ပိဿာ         ၆၈၀          ၇၀၅                ၅    မြင်းခြံ           ၁ ပိဿာ          ၆၈၀          ၇၀၀                ၆    အောင်လံ       ၁ ပိဿာ          ၆၈၅          ၇၀၀            ၇    မကွေး           ၁ ပိဿာ          ၆၈၅          ၇၀၀            ၈    ပြည်              ၁ ပိဿာ         ၆၈၅           ၇၀၀    ၉    ရေစကြို          ၁ ပိဿာ         ၆၈၅           ၇၀၅    ပဲစင်းငုံနီဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုများလာ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး  တစ်တန်ကို အနိမ့် ဆုံး ၄၆၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၆၆၀၀၀ ကျပ်အတွင်း တန် ၅၆၃၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေး ကောင်းလာတာကြောင့် ရောင်းသူကုန်သည်များက တက်ဈေးမှာ အရောင်းများလာလို့ အခုလိုအရောင်းအဝယ်ဖြစ်မှုပမာဏ ပိုများ လာတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက် မှာ ရန်ကုန်အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၇၀၈ ကျပ်(တစ်တန်ကို ၄၃၃၅၇၂ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရေစကြိုဈေးကွက်မှာ  ရန်ကုန်ဝယ်လက် ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး  တစ်ပိဿာ ကို ၇၀၅ ကျပ်(တစ်တန်ကို ၄၃၁၇၃၄ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၆၈၅ ကျပ် (တစ်တန်ကို ၄၁၉၄၈၇ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲများလာတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေး ကွက်မှာ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန် ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ရန်ကုန်အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၀၅ ကျပ် (တစ်တန်ကို ၄၃၁၇၃၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။