Main menu

Background

စားသောက်ကုန် တစ်မျိုးစီအတွက် FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန် ခက်ခဲနေကြတဲ့ ကော့သောင်းကုန်သည်များ

Sun, 06/24/2012 - 03:26 -- Anonymous (not verified)

    ကော့သောင်းမြို့မဈေးနှင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ သွင်းကုန် ပစ္စည်းများမှာ အမျိုးအစားနဲ့ တံဆိပ်များစုံလင်များပြားတဲ့အတွက် စားသောက်ကုန်တစ်မျိုးစီအတွက် FDA  ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန် အခက်အခဲရှိေ နကြောင်း၊ တရားဝင်တင်သွင်းမှုကို ဆောင်ရွက်လိုကြ ပါကြောင်း၊ FDA  ထောက်ခံချက်ရ ရှိရေး ဆောင်ရွက် ချိန်ကြာမြင့်ပါ က ဈေးကွက်ယှဉ်ပြိုင်မှု၊ ဈေးကွက်လိုအပ်ချက်၊ ငွေလဲနှုန်းအတက်အကျ၊ သယ်ယူစရိတ်အတက် အကျများနဲ့ ကုန်စည်ပို့ဆောင်ချိန် ကြာမြင့်မှုတို့ရှိတဲ့အတွက် FDA  ထောက်ခံချက်အချိန်တိုအတွင်း လွယ်လွယ်ကူကူရရှိမှသာ အဆင်ပြေမယ်၊ မိမိတို့ဒေသ တွင်းသုံးစွဲရန် တင်သွင်းလိုတဲ့ စားသောက်ကုန်များအားစုစည်းပြီး FDA သို့လျှောက်ထား သင့်ကြောင်း၊ မြဝတီ နဲ့  ကော့သောင်း ကို နှိုင်းယှဉ်မယ် ဆိုလျှင် ကော့သောင်းဟာရေလမ်းခရီးနဲ့ ကုန်စည်ပို့ဆောင် ရတဲ့အတွက် အချိန်ကြာမြင့်မှုရှိေ နကြောင်း၊ မြဝတီမှာ ဈေးကွက်ကြီးမားပြီး ရန်ကုန်သို့နေ့ချင်းရောက်နိုင်သဖြင့် ကုန်ကျစရိတ် သက်သာစွာနဲ့ ဈေးကွက်ကိုမြန်ဆန်စွာ ထိုးဖောက်နိုင်ကြောင်း ကော့သောင်း ကုန်သည်ကြီး များအသင်း အလုပ်အမှုဆောင် ဦးထွန်းအောင်က ဇွန်လ ၄ ရက်နေ့က ကော့သောင်း နယ်စပ်ကုန်သည်ကြီး များအသင်းအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကိုယ်စား တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။    ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး စားသောက်ကုန် ၅ မျိုးကို FDA  ထောက်ခံချက် ပါရှိပါက နယ်စပ်စခန်းများမှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးများက ကုန်သည်များအနေနဲ့ တင်သွင်းမှု မရှိသေးတဲ့အတွက် အထက်ဌာနများက မေးမြန်းမှုများရှိလာသလို သက်ဆိုင်ရာ ဝန်ထမ်းများမှာလည်း တာဝန်ရှိလာကြောင်း မြို့နယ်အကောက်ခွန်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းဝင်းက ချပြခဲ့တာဖြစ်ပါ တယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ယခင်ပြည်တွင်းစားသောက်ကုန် ထုတ်လုပ် သူများ ရပ်တည်နိုင်ရေး၊  ကန့်သတ်ထားသော အချိုမှုန့်၊ အချိုရည်၊ မုန့်မျိုးစုံ၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက် အမျိုး မျိုးတို့အား ဖြေလျှော့တင်သွင်းခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း၊ ၎င်းပစ္စည်းများကို ကျပ်ငွေဖြင့်တင်သွင်းခွင့်လိုင်စင် လျှောက်ထား နိုင်ကြောင်း၊ ဒါပေမယ့် စားသောက်ကုန်ဖြစ်တဲ့အတွက် စားသုံးသူများရဲ့ (ConsumerProtection) အတွက် FDA  ၏ Fit for Human Consumption   စိစစ်ထောက်ခံချက်လက်မှတ် လိုအပ်ကြောင်း၊ အချို့နယ်စပ်များမှာ တင်သွင်းမှုရှိနေပြီ ဖြစ်တဲ့အတွက် အခက်အခဲရှိက ဆွေးနွေးတင်ပြရန် ကုန်သွယ်မှုမြှင့်တင်မှုအစည်းအဝေးမှာ ဖိတ်ခေါ်ချက်အရ ဦးထွန်းအောင် ကလည်း ပို့ကုန်သွင်းကုန်ကုန်သည်များအစား FDA  ထောက်ခံချက်ရရှိရေးခက်ခဲနေမှုများကို တင်ပြဆွေးနွေးခဲ့တာလို့ သိရပါတယ်။    အစည်းအဝေးကိုတက်ရောက်လာတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ရန်ကုန်တိုင်းဒေသကြီးFDA  မှာ အစားအသောက်များကို စစ်ဆေးပေးနိုင်ရေး ကုမ္ပဏီများ၊ ကုန်သည်ကြီးများ အသင်းမှ အစုအဖွဲ့ဖွဲ့စည်း၍ တင်သွင်း လိုသောစားသောက်ကုန်ပစ္စည်းများအတွက် FDA  မှ ခွင့်ပြုနိုင်သည့်တံဆိပ် အမှတ်တစ်ခုစီ ရရှိရေး ဦးစွာဆောင်ရွက်ကြရန်နဲ့ ကုမ္ပဏီ လုပ်ငန်းရှင်များက စည်းမျဉ်းစည်းကမ်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ တင်သွင်းခွင့်ရရှိရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ှSource: နကသ၊MIRT (DOBT)