Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန် ၂၃၀၀ ကျော် အပို့ရှိ

Sun, 06/24/2012 - 03:28 -- Anonymous (not verified)

        မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၃၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ ယခင်အပတ်ထက် သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈ တန်ကျော်၊ ပုစွန် ၅ တန်ခန့်၊ ကဏန်း ၂၅ တန်ခန့်၊ ငါးရှဉ့် ၂ တန်ကျော်နဲ့ ဘီလား ၁ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံနဲ့ ပုစွန်အပို့လျော့ခဲ့ပြီး ကဏန်းအပု့ိပိုကာ ယခင်အပတ်ကအပို့မရှိခဲ့တဲ့ ငါးရှဉ့်နဲ့ ဘီလားအပို့ရှိခဲ့ပေမယ့် ယခင် အပတ်ရေထွက်ကုန်ထက် ၉၄ တန် အပို့လျော့နည်းခဲ့ပါတယ်။    ကော့သောင်းနယ်စပ်ကိုကြည့်မယ်ဆိုလျှင် ယခင်အပတ်က ငါးမျိုးစုံနဲ့ ကင်းမွန်နှစ်မယ်သာ အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးမျိုးစုံနဲ့ ကင်းမွန်အပြင် ကဏန်း၊ ငါးဆားနယ်၊ ပုစွန်၊ ပဂဲတို့ပါ အပို့ရှိခဲ့ပါတယ်။ ဒါပေမယ့် ငါးမျိုးစုံနဲ့ ကင်းမွန်တင်ပို့မှုဟာ ယခင်အပတ်ကထက် သိသိသာသာလျော့နည်းခဲ့တဲ့အတွက် ယခင်အပတ်က တင်ပို့မှုထက် ၁၃၄ တန်ကျော် အပို့လျော့နည်း ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၇၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ငါးဆားနယ်၊ ပုစွန်နဲ့ ပဂဲတန် ၄၆၀ ခန့် အပို့ရှိခဲ့တာဖြစ်ပါတယ်။ မြိတ်နယ်စပ်မှာလည်း ယခုအပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၆၉၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ အေးခဲကင်းမွန်၊ ငါးမှုန့်၊ အေးခဲကဏန်းပျော့နဲ့ ကဏန်းအသေး (အသေ) ၁၈၃၉ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ငါးမျိုးစုံနဲ့ ရေငန်ပုစွန်အပါအဝင် ကင်းမွန်တင်ပို့မှုများ လျော့နည်းခဲ့တဲ့အတွက် ယခင် အပတ်တင်ပို့မှု ထက် ၄၈၃ တန် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                             MIRT(DOBT)