Main menu

Background

ချင်းရွှေဟော်မှ အေးခဲအမဲသား အနည်းငယ် အပို့ပို

Sun, 06/24/2012 - 03:29 -- Anonymous (not verified)

        မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ  ကန်ဒေါ်လာ သုည ဒသမ ၅၉၁ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၅ တန်ကျော် အပို့ ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၀ အပို့  ပိုခဲ့တာဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၂၅ တန်ကျော် တင်ပိ့ုနိုင်ခဲ့ပါသေး တယ်။    မူဆယ်နယ်စပ်မှ အေးခဲအမဲသားအပြင် ကန်ဒေါ်လာ သုည ဒသမ ၁၅၉ သန်းတန်ဖိုးရှိ အမဲသားခြောက် ၃၅ တန် ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ ကျွဲနွား သားရေ ၉၁ တန် အပို့ရှိခဲ့သလို ချင်းရွှေဟော်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွားဘေးထွက် ၆ ဒသမ ၃၆ တန်လည်း တင်ပို့နိုင်ခဲ့ပါသေးတယ်လို့ သတင်း ရရှိပါတယ်။                                        MIRT(DOBT)