Main menu

Background

မြန်မာ့ကျောက်မျက်ရတနာ လေလံပွဲအောင် ကျောက်စိမ်းနဲ့ကျောက်မျက်များ မူဆယ်မှတင်ပို့မှု ပိုမို

Sun, 06/24/2012 - 03:29 -- Anonymous (not verified)

        မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မေလအတွင်းမှာ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၁၂၇ သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့ပြီး၊ အနီးစပ်ဆုံးကာလထက် ကန်ဒေါ် လာ ၄၄ သန်းကျော်ဖိုးနဲ့ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၄၈ သန်းကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။     အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပိုမိုရခြင်းမှာ လေလံ အောင်ကျောက်စိမ်းအရိုင်း များ တင်ပို့နိုင်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက်အချော ထည်များ၊ သလင်းကျောက်အကျိုးအကြေများ တင်ပို့မှုပိုမိုခဲ့၍ ဖြစ်ပါတယ်။ မေမှာ တင်ပို့ခဲ့တဲ့ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များကတော့  -                                                       တန်ချိန်        တန်ဖိုး                                                                                  (ကန်ဒေါ်လာသန်း)ကျောက်စိမ်းအရိုင်းတုံး                         ၁၃၄၄.၅၄     ၁၂၂.၃၃၅ကျောက်စိမ်း ကျောက်မျက်အချောထည်    ၉၂.၉၃၀       ၂.၈၆၂    တို့ဖြစ်ပါတယ်။    အနီးစပ်ဆုံးကာလတူထက် ကျောက်စိမ်းအရိုင်းတုံး ၁၂၅ တန်ကျော် (ကန် ဒေါ်လာ ၄၁ ဒသမ ၁၅၄ သန်း) နဲ့ကျောက်မျက်အချောထည် ၅၃ ဒသမ ၁၉၄ တန် (ကန်ဒေါ်လာ ၁ ဒသမ ၅၁ သန်း) နဲ့ ယမန်နှစ်ကာလတူ ထက် ကျောက်စိမ်း ၂၃၅ တန်ကျော် (ကန်ဒေါ်လာ ၄၅ သန်းကျော်) ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ် ကာလတူမှာ ကျောက်စိမ်းအချောထည်များနယ်စပ်မှ တင်ပို့ခွင့်မရသေးတဲ့ အတွက် ယခုလမှာယမန်နှစ်ကာလတူထက် ကျောက်စိမ်းအရိုင်းတုံးနဲ့ ကျောက်မျက်အချော ထည် သိသိသာသာ တင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။Source: နကသ၊ဂန္ဓာမာ