တရားဝင်တင်သွင်းခွင့်ပြုပါက တရားမဝင်တင်သွင်းနေမှုများပပျောက်ပြီး ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိကာကုန်သွယ်မှုပမာဏတိုးလာစေရန်၊ နိုင်ငံတော်အနေနဲ့လည်း အခွန်အခများ ပိုမိုရရှိလာနိုင်ေ စပြီး ပြည်တွင်းဈေးကွက် ဝယ်လိုအား ဖြည့်တင်းပေးနိုင်ရန်အတွက် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူး (အသားနဲ့ အသီးစုံ)၊ ခေါက်ဆွဲခြောက်အမျိုးမျိုးကို နယ်စပ်မှ တင်သွင်းခွင့်အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး ခွင့်ပြုခဲ့ပေးပြီးဖြစ်ပါတယ်။ ထိုသို့ ခွင့်ပြုပေးလိုက်ပြီးနောက် နယ်စပ်မှအများဆုံး တင်သွင်းတာ ကတော့ အချို မှုန့် ဖြစ်ပြီး တရုတ်မျက်နှာစာရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်း တို့က ဖြစ်ပါတယ်။ ယခုဇွန်လပထမပတ်အတွင်းမှာတော့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် OK တံဆိပ်စတော်ဘယ်ရီအရသာဘီစကစ်နဲ့ Sponsor တံဆိပ် ဓာတ်ဆားဖျော်ရည်သံဘူးများကို အောက်ပါအတိုင်း တင်သွင်းမှုရှိလာတာ တွေ့ရပါတယ်- ရေတွက်ပုံ အရေအတွက် တန်ဖိုး/ဒေါ်လာStrawberry Layer kg ၁၂၆၀ ၁၄၉၉.၄၀(210 gm/bag) Electrolyte Beverage Litre ၃၉၀၀ ၂၇၃၀.၀၀(325 ml/tin)MIRT (DOBT)
Background