Main menu

Background

မူဆယ်နဲ့ ချင်းရွှေဟော်မှသာ ရော်ဘာ အပို့ရှိ

Sun, 06/24/2012 - 03:36 -- Anonymous (not verified)

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်း ကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၀၄ တန်ခန့်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ အပု့ိရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3  ၉၅ တန်ကျော်၊MSR-20  ၁၅၇ တန်ကျော်၊ MSR-50  ၁၁ တန်၊ ချင်းရွှေဟော်မှ RSS-3 တန် ၂၉၀ ခန့်နဲ့  MSR-20  တန် ၅၀ တင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ်မှာ မူဆယ်နဲ့ ချင်းရွှေဟော်ရော်ဘာတင်ပို့မှု ကျရုံသာမက လွယ်ဂျယ်နဲ့ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ အပို့မရှိတဲ့အတွက် ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် တန် ၅၀၀ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မြေပြင်ဈေးများကိုကြည့်တဲ့အခါ တစ်ဘက်နိုင်ငံရွှေလီဈေး ပြောင်းလဲမှုမရှိသော် လည်း မိမိဘက်ရော်ဘာဈေး အနည်းငယ် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-          မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု              ယခင်     ပြောင်းလဲမှု    %        ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၈၃၄၀၀၀    ၂၈၁၂၂၀၀      ၂၁၈၀၀      ၀ .၇    ၃၄၄၆     ၃၄၄၆             -          -RSS - 5    ၂၇၃၀၀၀၀    ၂၇၀၉၀၀၀        ၂၁၀၀၀     ၀ .၇    ၃၃၁၉    ၃၃၁၉             -          - MIRT (DOBT)