ဒဂုံစင်တာရှော့ပ်ပင်းမောလ်၏ သိန်း ၄၀၀ ကျော်တန် တိုက်ခန်း ညောင်လေးပင်မြို့မှ ကံထူးရှင်ပေါ်ပေါက်

       ဒဂုံစင်တာရှော့ပ်ပင်းမောလ်၏  ရင်ခုန်ကံစမ်း ကျပ်သိန်း ၄၀၀ ကျော် တိုက်ခန်းကံထူးရှင်ရွေးချယ်ပွဲကို ဇွန် ၆ ရက်က ဒဂုံစင်တာရှော့ပ်ပင်းမောလ် ပထမထပ်ရှိ ပရိုမိုးရှင်းဧရိယာတွင် ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင် ဟာသနှင့်ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် လူရွှင် တော် ဦးမေတ္တာမှ အခမ်းအနားမှူးအဖြစ်ဆောင် ရွက်ပြီး ပြည်မြန်မာ ဂျာနယ် မှ မော်ကျွန်းစိုးမြင့်က ကံထူးရှင်အား ရွေးချယ်ပေးခဲ့သည်။ရင်ခုန်ကံစမ်း သိန်း ၄၀၀ ကျော် တိုက်ခန်းအား မဲနှိုက်ရာတွင် ပထမဦး စွာ ကံစမ်းမဲပေါင်းများစွာအနက်မှ ကံစမ်းမဲငါးခုကို ရွေးချယ်ပြီး ယင်းငါးခု အနက်မှ ထပ်မံ၍ ကံထူးရှင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ကံထူးသူမှာ ညောင်လေးပင်မြို့မှ ဦးဇော်မြင့်-ဖုန်း- ၀၉၅၃၈၅၆၉၃ ဖြစ်ပြီး ဒဂုံစင်တာ(၁)နှင်(၂)တို့တွင် စလစ်နံပါတ် ၀၀၀၁၁ ဖြင့်ဝယ်ယူခဲ့သူဖြစ် ကြောင်း သိရသည်။ ကံထူးရှင်ဖြစ်သူ  ဦးဇော်မြင့်အား လူရွှင်တော် ဦးမေတ္တာ မှ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ဦးဇော်မြင့်မှ ယခုကဲ့သို့ ကံထူးရှင်ဖြစ်ရ သည့်အတွက်အတိုင်းမသိဝမ်းမြောက်ရပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။ဒဂုံစင်တာရှော့ပ်ပင်းမောလ် တည်ထောင်သည့် (၉)နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ယခုကဲ့သို့ သိန်း ၄၀၀ ကျော်တိုက်ခန်းကို မဲဖောက်ကံစမ်းပေး ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခန်းသည် သုဝဏ္ဏအိမ်ရာအနီးရှိ တိုက်ခန်းဖြစ်ကြောင်း သိရသည်။အဆိုပါအစီအစဉ်ကို ဖေဖော်ဝါရီ  ၂၁ ရက်မှ မတ် ၃၁ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး  ဒဂုံစင်တာတွင်  ဖွင့်လှစ်ထားသည့်   Star Mart Supermarket  တွင် ကျပ်တစ်သောင်းဖိုး၊ ဒဂုံဖက်ရှင်ကော်နာ၊ ဒဂုံစင်တာ (၁)နှင့် (၂)တို့တွင် ကျပ်လေးသောင်းဖိုး စုစုပေါင်း ကျပ်ငါးသောင်းဖိုးစီဝယ်ယူ ခဲ့ပါက ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရှိကြောင်း သိရသည်။ မယ်သီတာ