မန်းဆောက်လုပ်ရေးပစ္စည်းဈေးကွက် ဈေးငြိမ် အရောင်းသွက်
မန္တလေးတိုင်းဒေသကြီး မြို့နယ် အသီးသီးရှိ ဆောက်လုပ်ရေးပစ္စည်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အရောင်း အဝယ်တွင်တွင်ကျယ်ကျယ် ရောင်း ဝယ်မှုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ဆောက်လုပ်ရေးပစ္စည်း ပထမတန်း အုတ်တစ်လုံး ဈေးနှုန်းမှာ ယခင်လနဲ့ ကွာခြားမှုမရှိဘဲ တစ်လုံး ကျပ် ၁၀၀ မှ ၁၀၅ ကျပ်အထိ လည်းကောင်း၊ ဒုတိယ တန်း အုတ်မှာ ၉၀ ကျပ်မှ ၉၅ ကျပ်၊ လူသုံးလျှပ်စစ်ပစ္စည်းများ လည်း သိသာစွာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည် ငြိမ်စွာဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း တွေ့ရှိရပါတယ်။ အိမ် ဆောက်ပစ္စည်းဖြစ်တဲ့ သွပ်ဈေးနှုန်းမှာ ပြောင်သွပ် ၈ ပေ × ၄ ပေ တစ်ချပ် ၇၀၀၀ ကျပ်၊ ၂၈ ဂိတ်နဲ့ ၃၀ ဂိတ်မှာ ၈ ပေ × ၄ ပေ တစ်ချပ် ၅၈၀၀ ကျပ်နဲ့ ၃၂ ဂိတ် ၈ ပေ × ၄ ပေ တစ်ချပ် ၃၇၀၀ ကျပ်ဈေးရှိပြီး၊ လှိုင်းသွပ် ၆ ပေ × ၃ ပေ တစ်ချပ် ၂၇၀၀ ကျပ်၊ ၂၈ ဂိတ်-၃၀ ဂိတ် ၆ ပေ × ၃ ပေ တစ်ချပ် ၂၄၀၀ ကျပ်နဲ့ ၃၂ ဂိတ် ၆ ပေ × ၃ ပေ တစ်ချပ် ၂၃၀၀ ကျပ် ဝန်းကျင်ခန့် ဈေးရှိပြီး၊ ယခင်လနဲ့ ဈေးနှုန်း ကွာခြား ခြင်းမရှိဘဲ ဈေးတည်ငြိမ်စွာ ရောင်းဝယ် မှုဖြစ်ကြောင်း သိရပါတယ်။ သစ်ဈေးနှုန်းများမှာ အခြေခံ သစ် မာဈေးသာ တစ်တန် ၄၈၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ သစ်မာ (ကျွန်း) နဲ့ (ပျဉ်းကတိုး) မှာ ဈေးနှုန်း တစ်တန် ၉၀၀၀၀၀ ကျပ်ခန့်ရှိပြီး ပစ္စည်းမရှိဘဲ အရောင်းအဝယ်အေးကြောင်း တွေ့ရ ပါတယ်။ သဲ၊ ထုံး၊ ကျောက်ဈေးနှုန်း ယခင် လအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဈေး နှုန်းတည်ငြိမ်စွာ အရောင်းအဝယ်ဖြစ် နေပါတယ်။ သံနဲ့ သံမဏိဈေးနှုန်းများ ပြောင်းလဲချက် အနည်းငယ်ရှိပါတယ်။ ပေါက်ဈေး ၃ မတ်လုံး တစ်တန် ၆၀၀၀၀၀ ကျပ်၊ ၃ မူးလုံး ၅၉၀၀၀၀ ကျပ်နဲ့ ၃ ပဲလုံး ၇၄၀၀၀၀ ကျပ်ခန့် ရောင်းတာဖြစ်ကြောင်း သိရပါတယ်။ အိမ်ရိုက်သံလည်း ဈေးနှုန်းတည်ငြိမ်စွာ အရောင်းအဝယ် ဖြစ်နေကြောင်း၊ ဘိလပ်မြေဈေးနှုန်းဟာ ယခင်လနဲ့ယခု နှိုင်းယှဉ်ပါက တစ်အိတ် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဝန်းကျင် ဈေးမာကြောင်း တွေ့ရပါတယ်။ဘိလပ်မြေဈေးမှာ AAA (အေ သုံးလုံး) ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၄၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၅၀၀ ကျပ်နဲ့ ထိုင်းမှဝင် သော စိန် (ထိုင်း) ၆၅၀၀ ကျပ်၊ ဆင် (ထိုင်း) ၆၆၀၀ ကျပ်ရှိကြောင်း ဈေး ကွက်မှ သိရပါတယ်။ လွင်အေး
