Main menu

Background

အင်းဝတွင် Mandalay New City တည်ဆောက်မည်

Sun, 06/24/2012 - 03:42 -- Anonymous (not verified)

    အင်းဝမြို့ဟောင်းတွင်  မြေဧက ၂၀၀၀၀ ပေါ်၌ Mandalay  New  City   တည်ဆောက်မှာဖြစ်ကြောင်း သိရ ပါတယ်။ Mandalay  New  City   ကို အင်းဝယဉ်ကျေးမှုမြို့ဟောင်းအား မူလ အတိုင်းချန်ပြီး မန္တလေးဒေသခံ လုပ် ငန်းရှင်များအား အဓိကထား ဆောင် ရွက်ပေးလိုကြောင်း၊ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုတဲ့ လုပ်ငန်းရှင်များလည်း ဖိတ် ခေါ်သွားမှာဖြစ်ကြောင်း  CB  Bank   ဥက္ကဋ္ဌ ဦးခင်မောင်လေးက ပြောပါ တယ်။" မန္တလေးမြို့က ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံ ကြားမှာ ရှိနေတယ်။ မြန်မာနိုင်ငံကို နည်းပညာအရ လာရောက်ရင်းနှီးမြှုပ်နှံ လိုတဲ့ နိုင်ငံတွေလည်း  အများကြီးပဲ ဖိတ်ခေါ်တာနဲ့ ရောက်လာတော့မယ်။  ဒီလိုအနေအထားမှာ အားလုံးပူးပေါင်း လို့မရဘူးလား။ လုပ်ငန်းလုပ်ဖို့ အခြေ အနေနည်းတဲ့အတွက်   လူတိုင်းက ကိုယ့်ငွေကို ငွေထိုးပေးတဲ့သူနဲ့ စုကြေး ငွေစုကြတဲ့သူ၊ ရွှေကစားတဲ့သူနဲ့ အလိမ် ခံနေရတယ်။ နေရာတိုင်းမှာ ငွေကြေး ဈေးကွက်ဖြစ်ဖို့လဲလိုနေပြီး သူများလုပ် နေတဲ့အပေါ်မှာ လက်ဝေခံလုပ်ကြတာ ရှိတယ်။ အဲဒီလိုအနေအထား မဖြစ် အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဖို့လို နေပြီ။ မန္တလေးဒေသခံ လုပ်ငန်းရှင် တွေကို အဓိကထားပြီး ဆောင်ရွက်စေ လိုတယ်။ စီမံကိန်း မြေနေရာအတွက် တိုင်းဒေသကြီးအစိုးရကို တင်ပြထားပြီး ဖြစ်ပါတယ်။ အလုပ်အကိုင်  အခွင့် အလမ်းအများကြီးရလာပါမယ်။ ကျွန် တော်မူဆယ်မြို့သွားတော့ ရွှေလီမှာ ရှမ်း၊ ကချင်၊ အညာသား အလုပ်သမား တွေ တွေ့ခဲ့ရတယ်။ သူတို့ကို မေးကြည့် တော့ အဲဒီမှာရတဲ့လုပ်အားခရဲ့ တစ် ဝက်ရရင် ကိုယ့်ဒေသမှာပဲ အလုပ်လုပ် မယ်လို့ပြောတယ်။ လူပေါင်းများစွာ လည်း အလုပ်ရသွားနိုင်ပါတယ်''လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။Mandalay New City ပမှာ အင်း၀ မြို့ဟောင်းတွင် တည်ထောင်မှာဖြစ်ပြီး၊ မန္တလေးမြို့နဲ့ ၁၅၊ ကီလို(၉ ဒသမ ၃၇၅ မိုင်) အင်းဝမြို့ဟောင်းနဲ့ ၁၀ မိုင်၊ အင်း၀ လေဆိပ်နဲ့ ၅ ကီလို (၃ ဒသမ ၁၂၅ မိုင်)ကွာဝေးပြီး၊ ဧရာဝတီမြစ်နဲ့ အဝေး ပြေးလမ်းမကြီးနဲ့ မနီးမဝေးမှာ ယာယီ တည်ထားမှာဖြစ်ကြောင်းသိရပါတယ်။ ဧရာဝတီမြစ်ရှိနေပြီး ရေကြောင်းဆက် သွယ်ရေးအတွက် တန် ၅၀၀၀ အနည်း ဆုံးရှိကုန်များ  သယ်ယူတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ တည်ထောင်မည့် မြေနေ ရာအား လယ်သမားများ နစ်နာမှုမရှိ စေရန် အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး ငွေပို ပေးကာ ဝယ်ယူသွားမှာဖြစ်ပြီး၊ လယ် သမားထံမှ မြေဝယ်ယူမှုများ မပြုလုပ် ကြရန်နဲ့ ဝယ်ယူပါက ဘာမှရမှာမဟုတ် ကြောင်း၊ မြေအမျိုးအစားများမှာ လူ နည်းစုနေထိုင်တဲ့ ရွာတစ်ရွာနဲ့ စိုက်ပျိုး မှုမရှိတဲ့မြေ  အများဆုံးပါဝင်ကြောင်း သိရပါတယ်။Mandalay New City  မှာ စီမံကိန်းကုန်ကျငွေ  ဘီလီယံ ၂၀၀၀ ခန့်မှန်းထားပြီး ရှယ်ယာဝင်လိုပါက တစ်ဦးကို ကျပ် ၁၀၀၀၀ မှစပြီး၊ ရှယ် ယာဝင်ထားနိုင်ပါတယ်။ စီးပွားရေးဇုန် ဖော်ဆောင်ပြီး အဝေးပြေးကားလမ်းမ ကြီးနဲ့နီးခြင်း၊ နိုင်ငံတကာခရီးသွားလာ ရေးအတွက် ဇုန်ကြီးဖြစ်ဖို့  လိုအပ် ကြောင်း၊ ဇုန်အတွင်းမှာ အုပ်ချုပ်မှုဆိုင် ရာရုံးများ၊ စီမံခန့်ခွဲမှုရုံးများ၊ စက်မှုဇုန် များ၊ အထပ်မြင့် လူနေအဆောက် အအုံများ၊ ရေကန်များ၊  သစ်ပင်ကြီး များ၊ ဟိုတယ်ဇုန်များ၊ အားကစားရုံ များ၊ ကျောင်းများ၊ နားနေခန်း၊ ဂေါက် ကွင်း၊ ပန်းခြံများ၊ ဝန်ထမ်းအိမ်ရာများ၊ လူနေထိုင်မှုမျိုးစုံနေထိုင်နိုင်မယ့် အိမ်ရာ များ၊ ကုန်စည်ဖြန့်ဝေနိုင်မည့် ဂိုဒေါင် များနဲ့ ဆိပ်ကမ်းများကို  အကောင် အထည်ဖော်မှာဖြစ်ကြောင်း၊ အစုရှယ် ယာဝင်ထားပါက မြို့သစ်စီမံကိန်းမှာ ဆောင်ရွက်မယ့် လမ်းတည်ဆောက်မှု၊ အဆောက်အအုံ  ဆောက်လုပ်မှုများ၊ ဟိုတယ်တည်ဆောက်ဖို့အတွက် ကန် ထရိုက်ယူလိုပါက အစုရှယ်ယာဝင်ထား သူကိုသာ ချထားပေးမှာဖြစ်ကြောင်း၊ မန္တလေးမြို့ဒေသခံလုပ်ငန်းရှင်မှ အရင် ဆုံးရယူထားပြီးမှ နိုင်ငံတကာရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်သွားမှာ ဖြစ်ရာ ဒေသခံများ နောက်မကျဖို့ စဉ်း စားသင့်ကြောင်း၊ နိုင်ငံတကာမှ ဘဏ် ကြီးများလည်း  ဖိတ်ခေါ်ပါက  လာ ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကိုယ် တတ်နိုင်သလောက် ဇုန်အတွင်းနေရာ ယူထားပြီး၊ ပြည်ပလုပ်ငန်းရှင် ဝင်လာ တဲ့အခါ  ပြန်လည်ထုတ်ရောင်းလို့ရ ကြောင်း၊  လူတိုင်းပါဝင်လို့ရအောင် အများပိုင်ကုမ္ပဏီများ၊ Share  Market  များ ပါဝင်နိုင်ကြောင်း"  ဦးခင်မောင် အေးက ဆက်လက်ပြောတယ်လို့ သိရ ပါတယ်။                     ဇူးဇူး