Main menu

Background

အိန္ဒိယ စားနပ်ရိက္ခာသီးနှံသိုလှောင်မှု တန်ချိန် ၈၂ သန်းကျော်အထိ မြင့်တက် တန်ချိန် ၁၀ သန်းခန့် မိုးကြောင့်ပျက်စီးနိုင်ကြောင်း အစိုးရမှပြော

Sun, 06/24/2012 - 03:44 -- Anonymous (not verified)

          အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာသီးနှံသိုလှောင်မှုဟာ ဇွန်လမှာ ရှိရမယ့်တန်ချိန်  ၇၅ သန်းထက် ကျော်လွန်ပြီး မျှော်မှန်းမထားတဲ့ တန်ချိန် ၈၂ ဒသမ ၄၁ သန်းအထိ မြင့်တက်နေကြောင်းသိရပါတယ်။ အဲဒီထဲက အများစုမှာ မေလမှာရိတ်သိမ်းထားတဲ့ ဂျုံအသစ် ၃၁ ရာခိုင်နှုန်းထိပါဝင်ကြောင်း သိရပါတယ်။ အစိုးရစာရင်းများအရ ၂၀၁၂ခုနှစ် ဇွန် ၁ ရက်မှာ စားနပ်ရိက္ခာသီးနှံ စုစုပေါင်း သိုလှောင် မှုဟာ မေလမှာရှိတဲ့ တန်ချိန် ၇၁ ဒသမ ၂၁ သန်းထက် ၁၆ ရာခိုင် နှုန်းခန့်မြင့်တက်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဇွန် ၁ ရက်မှာရှိတဲ့ တန်ချိန် ၆၅ ဒသမ ၆ သန်းထက်လည်း ၂၆ ရာခိုင်နှုန်း မြင့်တက်နေပြီလို့ သိရပါတယ်။ယင်းသိုလှောင်မှုထဲမှာ ဂျုံပါဝင်မှုက တန်ချိန် ၅၀ ဒသမ ၁၆ သန်းခန့်ရှိလို့ ယခင်လသိုလှောင်မှုတန်ချိန်  ၃၈ ဒသမ ၂ သန်း ဆက်မြင့်တက်ခဲ့ပေမယ့် ဆန်သိုလှာင်မှုမှာ မေလမှာ တန်ချိန် ၃၃ သန်းရှိရာမှ ၂ ရာခိုင်နှုန်းခန့် ကျဆင်းကာ တန်ချိန် ၃၂ ဒသမ ၁၄ သန်းရှိတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ စားနပ်ရိက္ခာသီးနှံ သိုလှောင်ဖို့ နေရာလွတ်ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး၊ သီးနှံဝယ်ယူမှု စံချိန်တင်မြင့်တက်မှုတွေက အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်။ အသုံးပြုမှု နည်းနေတဲ့အပေါ် အချို့သောသူများက စိုးရိမ်နေကြ တယ်လို့ ဆိုပါတယ်။သိုလှောင်သီးနှံ  ပြည့်လျှံနေခြင်းနဲ့အတူ အရည်အသွေးမီတဲ့ သိုလှောင်ရုံ မလုံလောက်ခြင်းက စားနပ်ရိက္ခာသီးနှံတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အစိုးရအရာရှိများမှ ပြောကြားရာမှာ စားနပ်ရိက္ခာသီးနှံ တန်ချိန် ၃၀ သန်းကျော်မှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးနိုင်တယ်လို့ဆိုပါတယ်။ သိုလှောင်မှုက ကျပ်တည်းတဲ့အခြေ အနေမှာ ရောက်ရှိနေတယ်လို့ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင် (CACP)ဥက္ကဋ္ဌက မေလမှာပြောကြားပါတယ်။၂၀၁၂ ခုနှစ် ဇွန် ၁ ရက်အထိ သီးနှံသိုလှောင်မှု တန်ချိန် ၇၅ သန်းခန့်ရှိပြီး၊ သိုလှောင်နိုင်မှုက တန်ချိန် ၅၀ သန်းထက် လျော့ နည်းတာကြောင့် သိုလှောင်ရုံမဆံ့တဲ့ သီးနံှအနည်းနဲ့အများက မိုး ကြောင့်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။လဝန်း၊ Source: oryza.com