Main menu

Background

ငါးမန်းတောင်ဟင်းချိုအတွက် အသက်ပေးဆက်ခဲ့ရတဲ့ငါးမန်း မျိုးသုဉ်းခန်း

Sun, 06/24/2012 - 03:44 -- Anonymous (not verified)

        ယခုမှကမ္ဘာမှာ ငါးမန်းတောင်ဟင်းချို(Shark  Fin  Soup) ကိုမစားသောက်ကြဖို့ လှုပ်ရှား မှုတွေဟာ ကျယ်ပြန့်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ Asian  Geographic  မဂ္ဂဇင်းကြီး ကနေ ငါးမန်းတောင်ဟင်းချိုတွေကို မစားသောက် ကြဖို့၊ ဝယ်ယူအားမပေးကြဖို့ ရေးသားခဲ့တဲ့အခါ လူ အတော်များများက သိပ်အလေးမထားဘဲ ပေါ့ ပေါ့တန်တန် ယူဆခဲ့ကြပါတယ်။ ယခုအခါ ငါးမန်း တောင်ဟင်းချို မစားသောက်ရေးလှုပ်ရှားမှုတွေ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တွေက  ဦးဆောင်လာပါတယ်။ လူအများစုက လည်း ငါးမန်းတောင်ဟင်းချိုကို စားသောက်ဖို့ မသင့်တဲ့ အစားအစာအဖြစ်  လက်ခံလာကြပါ တယ်။ငါးမန်းတောင်ဟင်းချိုဟာ ရှေးအာရှတိုင်း သားတွေရဲ့ လက်ထပ်မင်္ဂလာဧည့်ခံပွဲ  (အထူး သဖြင့် တရုတ်မင်္ဂလာဧည့်ခံပွဲ) တွေမှာ ကာလကြာ ရှည်စွာကတည်းက အထူးလူကြိုက်များ အစား အစာအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ အဲဒီ ဓလေ့အယူအဆတွေကြောင့်လည်း ကမ္ဘာ့ငါးမန်း ကောင်ရေဟာ ယုတ်လျော့ ကျဆင်းလာခဲ့ရပါ တယ်။ နေ့စဉ်နဲ့အမျှ ကမ္ဘာအနှံ့မှာရှိတဲ့ ပင်လယ် တွေမှာ ဈေးကောင်းရတဲ့ ငါးမန်းတောင်ရရှိရေး အတွက် ငါးမန်းတွေကို အထူးတလည်ရှာဖွေသတ် ဖြတ်လာခဲ့ကြပါတယ်။ ဒါကြောင့် ငါးမန်းတွေဟာ မွေးဖွားတဲ့နှုန်းထက် ဖမ်းဆီးသတ်ဖြတ်လို့ သေ ဆုံးရတဲ့နှုန်းက များစွာပိုများလာခဲ့တဲ့အတွက် မျိုး သုဉ်းပျောက်ကွယ်သွားဖို့ ဦးတည်လာနေပါတယ်။ဇီဝဗေဒပညာရှင်တွေက  ကမ္ဘာ့ပင်လယ် တွေမှာရှိတဲ့ ငါးမန်းဦးရေ ၉၀ ရာခိုင်နှုန်းလောက် ဟာ  သတ်ဖြတ်ခံခဲ့ရတယ်လို့ ခန့်မှန်းထားကြပါ တယ်။ ငါးမန်းမျိုးနွယ်စု အများအပြားဟာလည်း ဘေးအန္တရာယ်တွေနဲ့   ကြုံတွေ့နေရပါတယ်။ အကယ်၍ ယခုအတိုင်း ငါးမန်းတွေကို အလွန် အကျွံ ဖမ်းဆီးသတ်ဖြတ်နေကြရင် နောင်တရုတ် မင်္ဂလာဆောင်တွေမှာ ငါးမန်းတောင်ဟင်းချိုတွေ မကျွေးမွေးနိုင်တဲ့အတွက် ကြက်သားပြုတ်ဟင်းချို တွေကိုသာ ကျွေးမွေးရဖို့ရှိပါတယ်။ငါးမန်းတွေဟာ ကမ္ဘာလောကကြီးအတွက် အရေးပါတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဒီကမ္ဘာ ဂြိုလ်ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၄၀၀ က ရှိနေခဲ့တဲ့ သက်ရှိသတ္တဝါတွေထဲမှာ ငါးမန်းတွေ ဟာ အကြီးမားဆုံး သတ္တဝါဖြစ်ခဲ့ပါတယ်။ ဒိုင်နို ဆော သတ္တဝါတွေထက်တောင်  နှစ်ပေါင်းသန်း ၁၀၀ ကျော် စောပြီး ဒီကမ္ဘာမှာပေါက်ဖွားလာခဲ့ပါ တယ်။ ကမ္ဘာ့ပင်လယ်တွေမှာ သက်ရှိတွေအတွက် အရေးကြီးတဲ့ အောက်စီဂျင်ဓာတ်တွေ တည်တည် ငြိမ်ငြိမ်မဖြစ်မီကာလနဲ့ ကမ္ဘာမြေကြီးပေါ်မှာ သက် ရှိတွေ စတင်ပေါက်ဖွားတဲ့ ကာလတွေမှာကတည်း က ကြီးမားတဲ့ငါးမန်းတွေဟာ ပင်လယ်အနှံ့မှာ ကျက်စားနေခဲ့ပါတယ်။ အဲဒီကာလနောက်ပိုင်းမှာ လည်း တခြားရေသတ္တဝါကြီးတွေနဲ့အတူ ပင်လယ် ပြင်မှာ တန်းတူရှင်သန်ပေါက်ဖွားလာခဲ့ပါတယ်။ ဒါကြောင့် "အတောင်ရရှိရေး တစ်ခုတည်းအတွက် ပင်လယ်ရဲ့ အဓိကသယံဇာတသက်ရှိသတ္တဝါတစ် မျိုးဖြစ်တဲ့ ငါးမန်းတွေကို မျိုးသုဉ်းပျောက်ကွယ် သွားအောင် ဖမ်းဆီးသတ်ဖြတ်ကြဖို့ မသင့်တော့ ပါဘူး။ ပင်လယ်မှာ အဓိကစံထားရတဲ့ ငါးမန်း အရေအတွက်တွေ အလွန်လျော့နည်းလာခြင်းဟာ ကမ္ဘာပင်လယ်ပြင်ရဲ့ သဘာဝပတ်ဝန်းကျင် (ဂေဟ စနစ်) ကို ယိုယွင်းပျက်စီးစေရာ ရောက်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ငါးမန်းဦးရေဟာ ၈၀ ရာခိုင်နှုန်း အထိ လျော့နည်းသွားခဲ့ပြီလို့ သိရပါတယ်။ ဒီလို အမြောက်အမြား လျော့ကျသွားတဲ့ အရေအတွက် ကို ပြန်လည်ဖြည့်တင်းဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင် စရာမရှိကြောင်းပါခင်ဗျား။   ။ွRef:"When  Sharks  Disappear" (Asian  Geographic)