Main menu

Background

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမည်

Sun, 06/24/2012 - 03:46 -- Anonymous (not verified)

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအမျိုးအစားသစ် ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယခုထုတ်ဝေခဲ့သည့် ကျပ်တစ်သောင်းတန်သည် အစိုးရသစ်လက် ထက် ပထမဦးဆုံးထုတ်ဝေသည့်ငွေစက္ကူအမျိုးအစားဖြစ်သည်။ယင်း ကျပ်တစ်သောင်းတန်ကို ဇွန် ၁၅ရက်တွင် ပြည်သူများအား ဘဏ်ဖွင့် ချိန်အတွင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ် ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များ နှင့် အစိုးရငွေတိုက်များတွင်လည်းကောင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ငွေစက္ကူသစ်၏ အရွယ်အစားမှာ (၁၅×၇)စင်တီမီတာရှိပြီး အရောင်မှာ အပြာ ရောင်ဖြစ်ကြောင်းသိရသည်။ ငွေစက္ကူ၏မျက်နှာစာဖက် ထိပ်ပိုင်းတွင် " မြန်မာနိုင်ငံ တော်ဗဟိုဘဏ်"စာတန်း ရိုက်နှိပ်ထားပြီး အလယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မြေပုံ၊ ၎င်းကိုဝန်းရံထားသော သပြေခက်နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့်ရိုက်နှိပ်ထားကြောင်း၊ ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာ တန်း "တစ်သောင်းကျပ်''ကိုလည်း ရိုက်နှိပ်ထားကြောင်း၊ လက်ယာဘက်ပိုင်းတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း၊ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပြီး လက်ဝဲ ဘက်ပိုင်းတွင် ကြာဖြူပွင့်ရေစာပါရှိကြောင်း၊ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်း ကို ဒေါင်လိုက်ထည့်သွင်းထားကြောင်း ဗဟိုဘဏ်၏ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ကျောဘက်၏ထိပ်ပိုင်းတွင် Central Bank of myanmar  စာတမ်း ကိုရိုက်နှိပ်ထားပြီး ၎င်းစာတမ်း၏ အောက်တွင် ten thousand kyats  ဟူသော စာတန်းပါရှိကြောင်း၊ အလယ်ပိုင်းတွင် ရတနာပုံမန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း၊ ထောင့်သုံးထောင့် တွင် ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့်ရိုက်နှိပ်ထားကြောင်း ဖော်ပြပါရှိသည်။မြန်မာနိုင်ငံတွင် ၁၉၉၄  ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုးထုတ်ဝေခဲ့ပြီး ယခုအကြိမ်မှာ (၁၉)ကြိမ်မြောက် ထုတ်ဝေသည့်ငွေစက္ကူ အမျိုး အစားသစ်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ နောက်ဆုံးထုတ်ဝေခဲ့သည့် ကျပ် ငါးထောင်တန်ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ထုတ် ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၁၉၉၄ ခုနှစ်နောက်ပိုင်းထုတ်ဝေခဲ့သည့် ငွေစက္ကူအမျိုးအစားသစ် ၁၉ မျိုး တွင် အမှတ်အသားများထည့်သွင်းရာ၌ ၅၀ ပြားတန် ငွေစက္ကူ၊ တစ်ကျပ်တန် ငွေစက္ကူနှင့် ၅၀၀၀ ကျပ်တန် ငွေစက္ကူတို့မှလွဲ၍ ကျန်သည့်ငွေစက္ကူ ၁၆ မျိုးတွင်  ခြင်္သေ့ပုံများကိုသာ သုံးစွဲထားခြင်းဖြစ်ကြောင်း သိရသည်။ ယခုထုတ်ဝေသည့် ကျပ် တစ်သောင်းတန်ငွေစက္ကူအမျိုးအစားသစ်တွင် ဆင်ဖြူတော်ကို  အမှတ်အသား အဖြစ် ထည့်သွင်းသုံးစွဲထားကြောင်း သိရသည်။                  မယ်သီတာ