Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် တရားမဝင် မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးနေပြီ

Sun, 06/24/2012 - 03:48 -- Anonymous (not verified)

       ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တရားမဝင် တင်သွင်းထားတဲ့ မော်တော်ဆိုင်ကယ် များအပေါ် စည်းကြပ်တန်ဖိုးများ သတ် မှတ်ကောက်ခံပြီး လိုင်စင်အသစ်ပြုလုပ် ပေးခြင်းကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကားကြီးဝင်းအနီး စည်ပင်ကွင်း သို့ ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်မှ စတင် ပြီး စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ဇွန် ၇ ရက်အထိ မော်တော် ဆိုင်ကယ်စီးရေ ၅၀၉ စီး မှတ်ပုံတင်ပြီး စီးကြောင်းသိရှိရပါတယ်။ထိုသို့ လိုင်စင်အသစ် ပြုလုပ်ပေးရာ မှာ ဆိုင်ကယ်ရဲ့  မော်ဒယ်အလိုက်/ အင်ဂျင်ပါဝါအလိုက်နဲ့  ထုတ်လုပ် တဲ့ နိုင်ငံအလိုက်စည်းကြပ်တန်ဖိုးများ သတ် မှတ်ထားကြောင်း သိရပါတယ်။ တရုတ် နိုင်ငံလုပ်  မော်တော်ဆိုင်ကယ်များ အတွက် မော်ဒယ် အနိမ့်ဆုံး (၁၉၉၈ မှ ၂၀၀၀) ၁၀၀ စီစီနဲ့အောက်အတွက် တစ်စီး ကျပ် ၃၅၃၀၀၊ ၁၂၅ စီစီနဲ့ အထက် တစ်စီး ကျပ် ၃၇၃၅၀ ကျသင့် ပြီး မော်ဒယ်အမြင့်ဆုံး ၂၀၁၁ ခုနှစ် အထက်    မော်တော်ဆိုင်ကယ်များ အတွက် ၁၀၀ စီစီနဲ့အောက် တစ်စီး ၅၆၈၂၅ ကျပ်၊ ၁၂၅ စီစီနဲ့ အထက် တစ်စီး ကျပ် ၅၉၉၀၀ အမြင့်ဆုံး ကျ သင့်ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံလုပ်   မော်တော်ဆိုင် ကယ်များအတွက် (၁၉၉၈-၂၀၀၀) မော်ဒယ်အနိမ့်ဆုံး ၁၀၀ စီစီနဲ့အောက် ၆၆၀၅၀ ကျပ်၊ ၁၂၅ စီစီနဲ့ အထက် ၇၅၂၇၅ ကျပ်၊  မော်ဒယ်   အမြင့်ဆုံး ၂၀၁၁ ခုနှစ်အထက် ၁၀၀ စီစီ တစ်စီး ၁၁၉၃၅၀ ကျပ်၊ ၁၂၅ စီစီနဲ့အထက် တစ်စီး ၁၂၄၄၇၅ ကျပ်ကျသင့်ပြီး၊ ထိုင်း နိုင်ငံလုပ်   မော်တော်ဆိုင်ကယ်များ အတွက် မော်ဒယ်အနိမ့်ဆုံး (၁၉၉၈ မှ ၂၀၀၀) ၁၀၀ စီစီတစ်စီး ၄၇၆၀၀ ကျပ်၊ ၁၂၅ စီစီနဲ့  အထက် ၅၆၈၂၅ ကျပ်၊ ၂၀၁၁ ခုနှစ်အထိ မော်ဒယ်အမြင့်ဆုံး ၁၀၀ စီစီ တစ်စီး ၁၁၄၂၂၅ ကျပ်၊ ၁၂၅ စီစီနဲ့အထက် တစ်စီး ၁၄၈၀၅၀ ကျပ် ကျသင့်ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံ လုပ် မော်တော်ဆိုင်ကယ်များအတွက် (၁၉၉၈-၂၀၀၀) မော်ဒယ် ၁၂၅ စီစီနဲ့ အထက် တစ်စီး ၂၀၀၄၂၅ ကျပ်နဲ့ (၂၀၀၀ မှ ၂၀၀၅) မော်ဒယ် ၁၂၅ စီစီနဲ့ အထက် တစ်စီး ၃၆၃၃၀၀ ကျပ် ကျ သင့်ကြောင်း၊  သတ်မှတ်စည်းကြပ် တန်ဖိုး ဖော်ပြဇယားကို အဆိုပါကွင်း အတွင်းမှာ အများပြည်သူသိရှိရန် ချိတ် ဆွဲအသိပေးထားကြောင်း  သိရှိရပါ တယ်။ မော်တော်ဆိုင်ကယ်လိုင်စင် အသစ် ခွင့်ပြုကာလအနေနဲ့ ၂၀၁၂ ဇွန် ၅ ရက် မှ စက်တင်ဘာ ၄ ရက်အထိ ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။              ထွန်းလှိုင်