Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Sun, 06/24/2012 - 03:50 -- Anonymous (not verified)

    မတ်လ ၃၀ရက်နေ့က မုံရွာကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဇေယျာရွှေမြေ- ရက္ခပူရပွဲစဉ်အား ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးတင်နိုင်ထွေးနှင့် အကူဒိုင်လူကြီး ဦးနိုင်ကိုဟုတ်တို့အား ဒိုင်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ  ပွဲပယ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။    မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှဖလား ယူ-၂၂ပြိုင်ပွဲအုပ် စုခြေစစ်ပွဲကို လက်ခံကျင်းပရန် သုဝဏ္ဏကွင်းတွင် နှစ်လခန့်အချိန်ယူပြင်ဆင် ခဲ့သည့် အမေရိကန်ဒေါ်လာ ၂ဒသမ၅သိန်းကျော်တန်ဖိုးရှိသည့်မီးမောင်းကြီး များအား တပ်ဆင်ပြီးစီးပြီဖြစ်ရာ ပြိုင်ပွဲကျင်းပရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။    ကမ္ဘောဇအသင်း၏နည်းပြချုပ်ဆီဗာဂျီက နောက်ဆုံးကျင်းပခဲ့သည့် ချင်းယူ နိုက်တက်၊ ရက္ခပူရ၊ မနောမြေအသင်းတို့အား အနိုင်ရရှိခဲ့သည့်အတွက် ကျေ နပ်အားရမိသော်လည်း မိမိတို့အသင်းတွင် ပြုပြင်စရာများရှိနေသေးကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြောကြားခဲ့သည်။    ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် အာရှအသက် ၁၃ နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကစားသမား ၁၈ဦးပါဝင်သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ဇွန်လ၅ရက်နေ့ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။    ၂၀၁၂မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ဧပြီလနှင့်မေလအတွက် အကောင်းဆုံး ဆုများကို ရတနာပုံအသင်းမှ နည်းပြ ဘောဂတ်စ်နှင့် ၎င်းအသင်းမှ တိုက် စစ်မှူးရန်ပိုင်တို့က ရရှိသွားကြောင်း သိရသည်။    သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဇွန်လ ၉ရက်မှ ၁၂ရက်အထိကျင်းပမည့် ၁၅ကြိမ်မြောက်အာရှလူငယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ ချုပ်မှကစားသမားများဖြစ်ကြသည့် သောင်းအေး(လယ်/ဆည်)၊ ချမ်းမြေ့ အောင်(မြို့တော်စည်ပင်)နှင့် ရွှေလီမြင့်(ပြည်ထဲရေး)တို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။