အမှားကို အမှန်ထင် တရားမဝင် ဆက်ဆောင်ရွက်လျှင် နစ်နာဆုံးရှုံးမှုများ ရှိလာနိုင်
မေ ၂၉ ရက် ၀၉း၃၀ နာရီအချိန်မှာ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ ကုမ္ပဏီလုပ်ငန်းရှင်များအနေနဲ့ တရားဝင်လမ်းကြောင်းမှန်ပေါ်မှ ကုန် သွယ်မှုပြုလုပ်ကြစေလိုကြောင်း၊ ပို့ကုန်ပစ္စည်းများ၊ သွင်းကုန်ပစ္စည်းများကို စက်လှေများနဲ့ တင်ပို့တင်သွင်း ရာမှာ ဆိုက်ကပ်အစစ်ဆေးခံရမဲ့ ဆိပ်ခံဘောတံတားများ သတ်မှတ်ပေးပြီးဖြစ်တဲ့အတွက် ၎င်းဆိပ်ခံတံ တားများမှာ ဆိုက်ကပ်အစစ်ဆေးခံရန် လိုအပ်ကြောင်း "အမှားကို အမှန်ထင်နေပြီး တရားမဝင်လမ်း ကြောင်းပေါ်မှ ဆက်လက်ဆောင်ရွက်နေပါက နစ်နာဆုံးရှုံးမှုများ ရှိလာမယ်ဖြစ်ကြောင်း'' ပြော ကြားခဲ့တာ ဖြစ်ပါတယ်။ ကုန်သည်အလုပ်ကို ကုန်သည်သာ အသိဆုံးဖြစ်တဲ့အတွက် ကုန်သည်အချင်းချင်းထိန်းကျောင်းရန် လိုအပ်သကဲ့သို့ မြိတ်ခရိုင် ကုန်သည်စက်မှုအသင်းကလည်း စည်းရုံးထိန်းကျောင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ တရားဝင်ကုန်သွယ် မှုပြုလုပ်ပြီး နိုင်ငံတော်သို့ပေးဆောင်ရမယ့် အခွန်အခ များပေးဆောင်စေလို ကြောင်းနဲ့ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကို ကျယ်ကျယ်ပြန့်ပြန့် စည်းစည်းလုံးလုံးနှင့် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source:နကသ(မြိတ်) MIRT (DOBT)
