Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Sun, 06/24/2012 - 03:52 -- Anonymous (not verified)

       ယူရို ၂၀၁၂ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့်မြို့များကို လေကြောင်းရန် အပြည့်အဝကာကွယ်ပေး မည်ဖြစ်ကြောင်း ယူကရိန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဗိုလိုဒီမာဇာ မာနာက ပြောကြားလိုက်သည်။    ပြီးခဲ့သည့်ဇွန်လ ၃ရက်နေ့က ကျင်းပခဲ့သည့် ISPS ဟန်ဒါအိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှဂေါက်သီးအကျော်အမော်တစ်ဦးဖြစ်သည့် သောင် ချိုင်ချိုင်ဒီက စုစုပေါင်းရိုက်ချက်ထက် ၆ချက်လျော့ရိုက်ကာ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။    ဇွန်လ ၃ရက်နေ့က အသက် ၂၆နှစ်ပြည့်ခဲ့သည့် ရာဖေးနာဒယ်လ်က ပြင်သစ် အိုးပင်းပြိုင်ပွဲနှင့် ၎င်းင်း၏မွေးနေ့ထူးခြားစွာ တိုက်ဆိုင်နေသော်လည်း ၎င်းင်းအနေ ဖြင့် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲရေးကိုသာ အာရုံစူးစိုက်ထားကြောင်း ပြောကြား ခဲ့သည်။    အမေရိကန်ဂေါက်သီးချန်ပီယံဟောင်းဖြစ်သူ တိုက်ဂါးဝုဒ်သည် ၂၀၁၂ခုနှစ် အတွင်း ဒုတိယမြောက်ဆုဖလားအဖြစ် Memorial Tournament  ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ၉ချက်လျော့ရိုက်ကာ ဆုဖလားကို ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။    မန်ယူအသင်းသည် အသက် ၁၈နှစ်အရွယ်ရှိ ချီလီရှေ့တန်းတိုက်စစ်မှူး အိန် ဂျလိုဟာရီကွက်စ်အား ခေါ်ယူရန် ပေါင် သုံးသန်းဖြင့် သဘောတူစာချုပ်ချုပ် ဆိုလိုက်ကြောင်း သိရသည်။    ဖိလစ်ပိုင်နိုင်ငံသား လက်ဝှေ့ကျော် မန်နီပက်ကွီယိုသည် အမေရိကန်နိုင်ငံ သား တင်ဘလိတ်ဒလေနှင့် နိုဝင်ဘာလ ၁၀ရက်နေ့တွင် လာ့စ်ဗီးဂတ်စ်မြို့ ရှိ MGM Ground Arean  တွင် ယှဉ်ပြိုင်ထိုးသတ်ကြရန် စာချုပ်လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။    ချစ်သူဟောင်းကို ရိုက်နှက်နှိပ်စက်မှုဖြင့် ထောင်ဒဏ် ရက်ပေါင်း ၉၀ ကျခံခဲ့ ရသည့်ဂျင်မီဖလွိုက်မေဝဲသားသည် မန်နီပက်ကွီယိုနှင့်ထိုးသတ်ရန်ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ရရှိမည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။