Main menu

Background

ပြည်ပသွားမည့် စိုက်ပျိုးရေးသုံးပြောင်းမျိုးစေ့များ

Sun, 06/24/2012 - 03:55 -- Anonymous (not verified)

    လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသော ကျွန်မတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဆင့်မြင့် တိုးတက်လာစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက် ခြင်း၊ လယ်ယာမြေများကို ခေတ်မီစက်ကိရိယာများဖြင့် အစားထိုးထွန်ယက် စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့် များ ရွေးချယ်စိုက်ပျိုးခြင်း၊ကျေးလက်တောင်သူများအား နည်းပညာပေးဆောင် ရွက်ခြင်း၊ နိုင်ငံတကာမှ အထွက်ကောင်းမျိုးများကို အစားထိုးစမ်းသပ်စိုက်ပျိုးခြင်း၊ နိုင်ငံတကာမှ အဆင့်မြင့်နည်းပညာ အကူ အညီများရယူ၍ ပူးပေါင်းဆောင် ရွက် ခြင်းတို့ကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကြက်ဟင်းခါးမျိုးစေ့၊ ဖရဲမျိုး စေ့၊ ခရမ်းချဉ်သီးမျိုးစေ့ ၊ သခွားမျိုး စေ့စသော ဟင်းသီးဟင်းရွက်မျိုးစေ့ များကို စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုအခါ ဖို/မ ပြောင်းမျိုးစေ့များကို ထိုင်းနိုင်ငံမှတင်သွင်းပြီး ပြည်တွင်းမှာမျိုးစပ်၍ ပြန်လည် စိုက်ပျိုးထုတ်ယူသည့် လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ကုမ္ပဏီပိုင် စိုက်ကွင်းများတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် စိုက်ပျိုးထွက်ရှိကြောင်းလည်း သိရှိရပါသည်။ ၎င်းင်းစိုက်ခင်းများမှ ဖိုမပြောင်းမျိုးစေ့များကို ဝတ်မှုန်ကူး ခြင်းစနစ်ဖြင့် စိုက်ပျိုးပြီး ဈေးကွက် ဝင်မျိုးစေ့ (Commercial  seeds)  များဖြစ်သည့်  (Hybird Corn Seeds) စပ်မျိုးပြောင်းမျိုးစေ့များ အောင်မြင်စွာထွက်ရှိခဲ့သဖြင့် ၎င်းစပ်မျိုးပြောင်းမျိုးစေ့များကို ပြည်တွင်းစိုက်ပျိုးရန်အတွက် မျိုးစေ့အဖြစ် ရောင်းချရသည်သာမက ပြည်ပဈေးကွက်သို့လည်း စတင်ထိုးဖောက်ဝင်ရောက်တင်ပို့ ရောင်းချတော့မည် ဖြစ်ပါသည်။ ယခုစိုက်ပျိုးထွက်ရှိသော စပ်မျိုးပြောင်းမျိုးစေ့(CP 888)များကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ရာ ခွင့်ပြုထားပြီးဖြစ် ကြောင်းသိရှိရပါသည်။ မိမိနိုင်ငံအတွက် စပ်မျိုး မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ခြင်း ဖြင့် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများတွင် နှစ်စဉ်မျိုးကောင်း သုံးစွဲစိုက်ပျိုးအောင်မြင်နိုင်သကဲ့သို့ ပြည်ပ သို့ပါ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိနိုင်သည်ဖြစ်ရာ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းများတိုးတက် ပွားများဆောင်ရွက်နိုင်ပါရန် သတင်းကောင်းပါး ရေးသားတင်ပြ အပ်ပါသည်။                                                                   ခင်စန်းဝင်း