Main menu

Background

အာဆီယံ-အီဂျစ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု

Sun, 06/24/2012 - 03:57 -- Anonymous (not verified)

           အာဆီယံ-အီဂျစ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (ASEAN-Egypt Business Association-AEBA) ကို ၂၀၁၂ ခုနှစ် မတ် ၂၁ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ၎င်းအသင်းကို အာဆီယံနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အီဂျစ်စီးပွားရေးလုပ်ငန်းရှင်များအကြား ကောင်းမွန်ခိုင်မာတဲ့ စီးပွားရေးအဆက်အသွယ်များ တည်ထောင်နိုင်စေရေးအတွက်ရည်ရွယ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးတွေရဲ့ ဦးဆောင်ဦးရွက်ပြုမှုနဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာ့နိုင်ငံတွေက အာဆီယံဒေသကို စီးပွားရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ဒေသတစ်ခုအဖြစ် ရှုမြင်လာ ကြပြီဖြစ်ပါတယ်။ အီဂျစ်နိုင်ငံအနေနဲ့လည်း အစိုးရသစ်အုပ်ချုပ်ပြီးနောက် နိုင်ငံရေးနဲ့စီးပွားရေးအမြင်များ ပြောင်းလဲလာပြီး ရင်းနှီးမြှုပ်နှံမှုစနစ်ပုံစံများ၊ ကုန်သွယ်ဖက် နိုင်ငံသစ်များရှာဖွေဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေးဗဟုသုတနည်းပါးမှုကို မြှင့်တင်ဖို့ဆောင်ရွက်လာကြပါတယ်။ အီဂျစ်နိုင်ငံက ဂျပန်နဲ့ တရုတ်နိုင်ငံတို့ပြီးရင် တတိယစီးပွားရေး အင်အားကြီးအုပ်စုဖြစ်တဲ့ အာဆီယံဒေသကို အလေးထားဆက်ဆံရမယ့် စီးပွားရေးအုပ်စုအဖြစ် သတ်မှတ်လာကြပါတယ်။ လက်ရှိအချိန်မှာ အာဆီယံ-အီဂျစ် စီးပွားရေးဆက်ဆံမှုမှာ ကမ္ဘာမှာအဆင့် ၃၅ ခန့်သာ ရှိနေပါသေးတယ်။ အာဖရိကနိုင်ငံတွေနဲ့သာ ရင်းနှီးတဲ့ အီဂျစ်နိုင်ငံသားတွေက အာဆီယံ-အီဂျစ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသင်းမှတစ်ဆင့်  အာဆီယံဒေသကိုလည်း ရင်းနှီးလာကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ စီးပွားရေးကဏ္ဍတွေမှာသာမက စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ သာယာဝပြောမှုတို့အတွက်လည်း ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ အသင်းရဲ့ လိပ်စာမှာ 18 Hussein Wassif Street, Dokki, Cairo, Egypt   ဖြစ်ပြီး ဖုန်းနံပါတ်မှာ +၂၀၂၃၇ ၄၈၁၅၆၅ ဖြစ်၍ ဖက်စ်နံပါတ်မှာ + ၂၀ ၂ ၃၇ ၄၈၁၁၁၆ ဖြစ်ပါတယ်။                                                                ရင်းမြစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ကိုင်ရိုမြို့၊ ရွှေစင်ကို