ကုလသမဂ္ဂ ဆက်လက် ဖြစ်ပွားနေသော ယူရို အကျပ်အတည်းက ကမ္ဘာ့ စီးပွားရေးကို အကြီးအကျယ် ခြိမ်း ခြောက်နေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂ စီးပွားရေးနှင့် လူမှု ရေးရာ ဌာန (UNDESA) က ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ အ လားအလာများ (WEPS) ၏ နှစ် လည် အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ အစီရင်ခံစာအရ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဖွံ့ဖြိုးနိုင်ငံ အချို့တွင် တိုးတက်မှုများ ရှိနေသော်လည်း အထူးသဖြင့် ဥရောပ တွင်စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း ကုလ သမဂ္ဂ ပြည်သူ့ပြန်ကြားရေးဌာနမှ ကိုယ်စားလှယ် နယူတန်ကန်ဟီမာ က ပြောပါတယ်။ Source:xinhuaဆန်ဖရန်စစ္စကို အက်ပဲရဲ့ iPad 2 ဖြစ်တဲ့ ဗားရှင်းအသစ် တဲဘလက်ကွန်ပျူတာ ကို ကုမ္ပဏီက စတင်ဖြန့်ချိချိန်မှစ၍ အမေရိကန် ပြည်ထောင်စုတွင် ဝယ်လိုအား ကောင်းနေဆဲဖြစ် ကြောင်း ဇွန် ၇ ရက်က ထုတ်ပြန် သော စစ်တမ်းအရ သိရပါတယ်။ မတ်လ ၁၆ ရက်က iPad အသစ်ကို စတင်ဖြန့်ချိပြီးနောက်ပိုင်း iPad 2 ၏ ရောင်းအားက iPad အားလုံး၏ ရောင်းအားရဲ့ ၄၁ ရာခိုင်နှုန်းရှိနေဆဲ ဖြစ်ကြောင်း စားသုံးသူထောက်လှမ်း ရေး သုတေသနအဖွဲ့ (CIRP) အရ တွေ့ရသည်။ Source:xinhuaလန်ဒန် စပိန်နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ပြန်လည် ငွေကြေးဖြည့်တင်းဖို့ အတွက် ကုန်ကျစရိတ်မြင့်မားခြင်းနဲ့ စီးပွားပျက်ကပ် ရှည်ကြာနေခြင်းတို့ ကြောင့်ချေးငွေအဆင့် သတ်မှတ်ရေး အေဂျင်စီ Fitch Rating က စပိန် နိုင်ငံရဲ့ ရေရှည်ချေးငွေ အဆင့်ကို ဘီသုံးလုံးသို့ လျှော့ချ သတ်မှတ်ခဲ့ပါ တယ်။ စပိန်နိုင်ငံရဲ့ ဘဏ် လုပ်ငန်း ပြန်လည်ရှင်သန်ဖို့အတွက် ယူရို ဘီလီယံ ၁၀၀ (ဒေါ်လာ ၁၂၆ ဘီလီယံ) လိုမှာဖြစ်ကြောင်း Fitch အေဂျင်စီက လန်ဒန်မှာ ဇွန် ၈ ရက် ကပြောပါတယ်။ Source:AP ဆိုးလ် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်း မှုနဲ့ အမေရိကန်နဲ့ ဂျပန်ကို ထုတ်ကုန် တင်ပို့မှု နည်းလာတဲ့အတွက် တောင် ကိုရီးယားရဲ့သတင်းအချက်အလက် နည်းပညာ (အိုင်တီ) ထုတ်ကုန်များ တင်ပို့မှုက နှစ်အလိုက် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အစိုးရက ဇွန် ၇ ရက်က ပြောပါတယ်။ တောင်ကိုရီး ယား အိုင်တီပစ္စည်းတွေ တင်ပို့မှုက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၁၃ ဒသမ ၃၅ ဘီလီယံဖိုး ရှိခဲ့ရာမှ ၂၀၁၂ ခု မေလမှာ ဒေါ်လာ ၁၂ ဒသမ ၉၄ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ကြောင်း အသိ ပညာ ဝန်ကြီးဌာနက ပြောပါတယ်။Source:Yonhap NewsSouth east Asia
Background