သူမရဲ့ ဓာတ်ပုံကို ညစ်ညမ်း ဝက်ဘ်ဆိုက်တစ်ခုမှာ တင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောပြ သောအခါ အိမ်ထောင်သည်တစ်ဦး ဖြစ်သူ ဂျူလီရာဟင် တစ်ယောက် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ လွန် ခဲ့တဲ့ သုံးနှစ် သူမရဲ့ ဖေ့စ်ဘုတ်အကောင့် မှာ တင်ထားတဲ့ ဘီကီနီဝတ်စုံနဲ့ သူမရဲ့ ဓာတ်ပုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြု တာ ယခုတစ်ချိန်သာ မဟုတ်ပါ။ ဒီ ဓာတ်ပုံကို sgGirls .com လို့ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက်ချိန်းပေးတဲ့ Dating Side ဝက်ဘ်ဆိုက်တစ်ခုမှာ တွေ့ခဲ့ရတယ်လို့ တခြား သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။ ဒီပုံမှာ ကခေါ်ရမဲ့ ဖုန်းနံပါတ်နဲ့ ပြောဆိုခ တွေ ပါ အောက်ခြေမှာ ထည့်ထားပါတယ်။ "တော်တော်ကို စိတ်ပျက်ဖို့ ကောင်းတယ် ကျွန်မအသိတွေက ကျွန်မကို တစ်မျိုးမြင်ကုန်တော့မှာပဲ'' ဟု အသက်တစ်နှစ်မှ ဆယ်နှစ်အတွင်းရှိ သော ကလေးငယ်လေးဦး၏မိခင်က ပြော ပါတယ်။ အသက် ၃၂ အရွယ်ရာဟင်က ညစ်ညမ်းဆိုက်နဲ့ Dating Side ကို တရားစွဲထားပါတယ်။ အဲဒီ ဝက်ဘ် ဆိုက် နှစ်ခုမှာ သူတို့ဖေ့စ်ဘုတ်မှာ တင် ထားတဲ့ ဓာတ်ပုံတွေကို တွေ့ရကြောင်း စင်ကာပူ အမျိုးသမီးနှစ်ဦးက ပြော ကြောင်း Straits Times သတင်းစာ မှာ ဖော်ပြထားပါတယ်။ သူတို့သုံးဦးက ဓာတ်ပုံပြန်ပေးဆွဲ တယ်လို့ အဓိပ္ပာယ်ရတဲ့ Photo-Jacking ရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေ ဖြစ် ပါတယ်။ ဒီလုပ်ရပ်က ဖေ့စ်ဘုတ်၊ တွစ် တာတို့လို လူမှုရေး မီဒီယံတွေက ဓာတ် ပုံတွေကို ခိုးယူပြီး ညစ်ညမ်းဆိုက် တွေ မှာမတော်မတရားသုံးတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ ကလေး တွေရဲ့ ဖေ့စ်ဘုတ်က ဓာတ်ပုံတွေကို ညစ်ညမ်းပေါ်တယ်တွေမှာ သုံးတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင် စုနဲ့ နယူးဇီလန်မှာ ယခုနှစ်ဦးပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။Source.The Straits Times
Background