Main menu

Background

'တာဝန်သိသိ' ပြုမှု ဆောင်ရွက်ဖို့ ဥရောပကို ဂျပန်က နှိုးဆော်

Sun, 06/24/2012 - 04:07 -- Anonymous (not verified)

    ကမ္ဘာ့စီးပွားရေးကို ဒုက္ခပေးနေတဲ့ ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် ဥရောပက "တာဝန်သိသိ'' ဆောင်ရွက်ဖို့လိုကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမီက ဇွန် ၆ ရက်က ပြောပါတယ်။    "အဓိကရည်ရွယ်ချက်က အကျပ်အတည်းကိုကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပက တာဝန်သိသိနဲ့ဆောင်ရွက်ဖို့ လိုပါတယ်'' လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။    ဂျီ-၇ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ အရေးပေါ် တယ်လီကွန်ဖရင့်ကျင်းပပြီးတဲ့နောက် မနက်ပိုင်းမှာ အဇုမိက ယခုလိုပြောခဲ့ တာ ဖြစ်ပါတယ်။    ဥရောပတိုက်ကို လည်မျိုညှစ်နေတဲ့ ပြဿနာတွေကိုသူတို့ ဖြေရှင်းမယ်လို့ ဥရောပခေါင်းဆောင်တွေက ပြောကြောင်း ဇွန် ၅ ရက်ကွန်ဖရင့်ပြီးနောက် အဇုမိက ပြောပါတယ်။    "စပိန်ကြွေးမြီအပါအဝင် ပြဿနာတွေကို တာဝန်သိသိဖြေရှင်းဆောင် ရွက်မယ်လို့ သူတို့က ပြောပါတယ်။ ကျွန်တော်သူတို့ကို ယုံပါတယ်'' ဟု သူက ပြောကြောင်း  Dow  Jones  Newswire    ကပြောပါတယ်။    နိုင်ငံရေးခေါင်းဆောင်တွေက တစ်စစနဲ့ မတည်မငြိမ်ပိုဖြစ်လာတဲ့ ဈေးကွက်တွေအာမခံချက်ရနိုင်အောင် ဆောင်ရွက်ပေးရမယ်လို့ သူက ပြောပါ တယ်။ ဂျပန်နိုင်ငံ စီးပွားရေးကိုမောင်းနှင်ပေးနေတဲ့ ပို့ကုန်လုပ်ငန်းအတွက် ဥရောပ အဓိကဈေးကွက်ဖြစ်ပါတယ်။ ဒီဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ကြွေးမြီ ပြဿနာတွေရဲ့ အကျိုးဆက်ကို ဂျပန်က ပိုမိုစိုးရိမ်စ ပြုလာပါတယ်။Source.AFP