Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Sun, 06/24/2012 - 04:09 -- Anonymous (not verified)

    ဥရောပကြွေးမြီအကျပ်အတည်း မြင့်တက်နေတာနဲ့ အမေရိကန်ပြည် ထောင်စုဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေ တာကို ရင်းနှီးမြှုပ်နှံသူတို့က စိုးရိမ်ပူပန် နေချိန်မှာ တရုတ်နိုင်ငံက အတိုးနှုန်းကို ရုတ်တရက်လျှော့ချလိုက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် တစ်ပူပေါ် နှစ်ပူဆင့်သလိုဖြစ်ခဲ့ရပါတယ်။ မေ ၇ ရက်က စပိန်ဘဏ်တွေအတွက် ကယ် တင်မှုရန်ပုံငွေတွေရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဇွန် ၇ ရက်က မြင့်တက်ခဲ့တဲ့ အာရှငွေကြေးတွေ ဇွန် ၈ ရက်နေ့မှာ ပြန်လည်ကျဆင်းခဲ့ပါ တယ်။    တရုတ်နိုင်ငံက အတိုးနှုန်းတွေကို ဇွန် ၇ ရက်က ဆိုင်းမဆင့် ဗုံမဆင့် လျှော့ချလိုက်ပါတယ်။ ၂၀၀၈  ခုနှစ် ဘဏ္ဍာရေး  အကျပ်အတည်းနောက်ပိုင်း ပထမအကြိမ် လျှော့ချလိုက်တာ ဖြစ် ပါတယ်။    မေလအတွင်းက အာရှငွေကြေး တွေကို အဆက်မပြတ်ထုတ်ရောင်းလိုက် ပြီးတဲ့နောက် ယခုသီတင်းပတ်အတွင်း မှာ အာရှကထွန်းသစ်စငွေကြေးအများ အပြားပြန်လည်ပြီး မတ်လာနိုင်ခဲ့ပါ တယ်။ စပိန်ဘဏ်လုပ်ငန်းကဏ္ဍက ဒုက္ခတွေကို ဥရောပမူဝါဒတုံ့ပြန်မှုတွေ က အားပေးထောက်ခံတဲ့ အရိပ်အ ယောင်တွေကြောင့် ယခုလိုဖြစ်ခဲ့ပါ တယ်။    ယခုရက်သတ္တပတ်အတွင်းမှာ အာရှငွေကြေးတွေ တန်ဖိုးမြင့်တက်ရတဲ့ အဓိကအကြောင်းရင်းက ရေတိုမျှသာ ဖြစ်ပြီး ရင်းနှီးမြှုပ်နံှသူတွေက အာရှရှယ် ယာတွေနဲ့ ဘွန်းစာချုပ်တွေကို ဟက် ဟက်ပက်ပက်ဝယ်ယူကြလို့ မြင့်တက် တာမျိုးမဟုတ်ဘူးလို့ ဆူမိတိုမို မစ်ဆူအိ ဘဏ်လုပ်ငန်းကော်ပိုရေးရှင်း ကာအို ကာဂါဝါက ပြောပါတယ်။ တရုတ်ယွမ်    စီးပွားရေးတိုးတက်နှုန်းကို မြှင့်တင် ပေးဖို့အတွက် တရုတ်ဗဟိုဘဏ်က ချေး ငွေနဲ့ အပ်ငွေအတိုးနှုန်းတွေ လျှော့ချ ပေးပြီးနောက်ပိုင်း တစ်ရက်အကြာ ဇွန် ၈ ရက်မှာ ယွမ်ငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ လေးရက်အတွင်းအနိမ့် ဆုံးဖြစ်သော ၆ ဒသမ ၃၇၂၉ ယွမ်နှုန်း သို့ ကျဆင်းခဲ့တယ်။ တရုတ်နိုင်ငံက တစ်နှစ်သက်တမ်းချေးငွေများ၏ အခြေ ခံစံထားဈေးနှုန်းမှာ ၆ ဒသမ ၃၇၉၅ ယွမ်နှုန်းရှိခဲ့တယ်။ တရုတ်နိုင်ငံခြားငွေ ရောင်းဝယ်ရေးဌာနတွင် တရုတ်ယွမ်ငွေ တန်ဖိုးသည် သုည ဒသမ ၁၈ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၁၈၈ ယွမ်နှုန်းရှိခဲ့တယ်။ အိန္ဒိယရူပီး    ကြွေးမြီပြဿနာအတွက် ဥရောပ က  အရေးတကြီး  ဖြေရှင်းနေတာကို တွေ့ရတဲ့အတွက် ဒေါ်လာနဲ့ဖလှယ် ရာမှာ ယူရိုတန်ဖိုး  ခိုင်မာလာခြင်းကို အကြောင်းပြု၍ ရူပီးတန်ဖိုးက ဇွန် ၇ ရက်မှာ  မြင့်တက်လာပြီး ဈေးပိတ်ချိန် မှာ တစ်ဒေါ်လာကို ၅၄ ဒသမ ၉၃ ရူပီးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုက တတိယမြောက်လှည့် ပတ် ငွေကြေး ဖြည့်ဆည်းမှုပြုလုပ်မဲ့အသံ နဲ့ ပြည်တွင်း စတော့ဈေးတွေ မြင့်တက် လာချိန်မှာ ဒေါ်လာများကိုရောင်း ထုတ် လာကြသဖြင့် အဓိကအားဖြင့် အိန္ဒိယ ငွေကြေးကို တန်ဖိုးမြင့်တက်စေခဲ့ပါတယ်။ ဂျပန်ယန်း    အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင် ကာနန်ကီ၏ ကွန်ဂရက်လွှတ်တော်မှာ အစစ်ဆေးခံမည့်ကိစ္စကို ရင်းနှီးမြှုပ်နှံသူ တွေက နားစွင့်နေကြပါတယ်။ တစ်ချိန် တည်းမှာ တရုတ်နိုင်ငံကလည်း အတိုး နှုန်းတွေကို သုံးနှစ်အတွင်းပထမဆုံးအ ကြိမ်အဖြစ် လျှော့ချပေးခဲ့ပါတယ်။ ဒီ နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာက ယူရိုနဲ့ ဖလှယ်တဲ့အခါ ဇွန် ၇ ရက်နေ့က အတော်အတန်ခိုင်မာလာပါတယ်။    ယူရိုတန်ဖိုးက ဇွန် ၆ ရက် ဂရင်း နစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို  ၁ ဒသမ ၂၅၈၀ ယန်းနှုန်းမှ ဇွန် ၇ ရက်အလားတူအချိန်မှာ တစ်ယူရိုကို ၁ ဒသမ ၂၅၆၁ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ဒေါ်လာယန်းဖလှယ်နှုန်းက တစ် ဒေါ်လာကို ၇၉ ဒသမ ၂၀ ယန်းနှုန်းမှ ၇၉ ဒသမ ၅၈ ယန်းသို့ မြင့်တက်ခဲ့ပါ တယ်။ မလေးရှားရင်းဂစ်    ရင်းနှီးမြှုပ်နှံသူများက ထွန်းသစ်စ ဈေးကွက်က ငွေကြေးများကို စိတ်ဝင် စားမှုနည်းသည့်အတွက် ယနေ့ဇွန် ၈ ရက်တွင် ရင်းဂစ်တန်ဖိုးက ဒေါ်လာနှင့် ဖလှယ်ရာတွင် တန်ဖိုးကျဆင်းခဲ့သည်။ ရင်းဂစ်တန်ဖိုးက ဇွန် ၇ ရက်တွင် တစ် ဒေါ်လာလျှင် ၃ ဒသမ ၁၂၆၀ ရင်းဂစ် ရှိရာမှ ဇွန် ၈ ရက် မနက် ၉ နာရီ ၁၇ မိနစ်တွင် တစ်ဒေါ်လာလျှင် ၃ ဒသမ ၁၇၄၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ အမေရိကန် ပြည်ထောင်စုဗဟိုဘဏ်က စီးပွားရေး တွန်းအားပေးအစီအစဉ်တိုးတက်မှု မရှိ သေးတာကလည်း ဒေသတွင်း ဈေး ကွက်တွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာ အ ကျိုးသက်ရောက်မှုရှိတယ်လို့ ဝယ်ရောင်း သမားတွေကပြောပါတယ်။ ရင်းဂစ်တန် ဖိုးက စင်ကာပူ၊ ဒေါ်လာ၊ ယန်း၊ ဗြိတိသျှပေါင်တို့နဲ့ ဖလှယ်ရာမှာလည်း ဇွန် ၇ ရက်က တန်ဖိုးကျဆင်းခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်    စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေး ရန်စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များကို ကမ္ဘာ့မူဝါဒချမှတ်သူတို့က ကြေညာလိမ့် မယ်။ ဥရောပကြွေးမြီအကျပ်အတည်း ကို ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ ခန့်မှန်း ချက်တွေနဲ့အတူ တောင်ကိုရီးယားဝမ် နဲ့ မလေးရှားရင်းဂစ်တို့ကဦးဆောင်ပြီး အာရှငွေကြေးများ ဇွန် ၇ ရက်က တန် ဖိုးမြင့်တက်ခဲ့ပါတယ်။ ဇွန် ၈ ရက်နေ့ တွင်မူ ဒေါ်လာတန်ဖိုးက နှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ကျရောက်ခဲ့ပြီး တစ် ဒေါ်လာကို ၁၁၆၈ ဝမ်နှုန်းရှိခဲ့တယ်။ သို့သော်လည်း ပင်လယ်ရပ်ခြား မှ ဒေါ်လာဝယ်ယူမှု များကြောင့် ဒေါ်လာ သည်တန်ဖိုးကျဆင်းမှု တစ်ဒေါ်လာကို ၁၁၇၀ ဝမ်နှုန်းထိရောက်ရှိခဲ့ပါတယ်။ ထိုင်းဘတ်    လှည့်ပတ်ငွေကြေးတိုးတက်ရေး အတွက် ထပ်မံဆောင်ရွက်မည့်အလား အလာများကို အမေရိကန်ဗဟိုဘဏ် ဥက္ကဌ ဘင်ဘာနန်ကီက ပယ်ချခဲ့ပြီး နောက် ဒေသတွင်းစတော့ရှယ်ယာဈေး တွေ ကျဆင်းခဲ့ပါတယ်။ ထိုင်းဘတ်ငွေ တန်ဖိုးက သုံးလအတွင်း အနိမ့်ဆုံးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။ "ကမ္ဘာ့စီးပွားရေး မျက်နှာစာမှာ မတည်မငြိမ်ရှိနေဆဲဖြစ် ပါတယ်။ အမေရိကန်နဲ့ လှည့်လည်ေ ငွ ကြေးတိုးမြှင့်ရေးအစီအစဉ်ကလည်း မပြတ်မသားရှိနေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကိန်း ဂဏန်း တွေကလည်း အားရစရာမရှိသေးပါဘူး။ ထိုင်းနိုင်ငံလို ပို့ကုန်အားထားရတဲ့နိုင်ငံ တွေရဲ့ စီးပွားရေးတွေကလည်း ထိခိုက် မှုရှိနိုင်ပါတယ်"။    ဘလွမ်းဘတ်ကပြုစုသော စာရင်း အရ ဘန်ကောက်တွင် ဇွန် ၈ ရက် ညနေ ၃ နာရီ ၄၇ မိနစ်က ဘတ်ငွေ တန်ဖိုးသည် ဝ.၇% တိုးမြင့်ခဲ့ပြီး တစ် ဒေါ်လာကို ၃၁.၇၆ ဘတ်နှုန်းရှိခဲ့ရာ မတ်လ ၁ ရက်နောက်ပိုင်း အများဆုံး တိုးတက်ခဲ့သောနှုန်းဖြစ်သည်။Source: bloomberg, xinhua, economictimes, indiatimes. com,AFP,bernama