Main menu

Background

ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်ချက်များကို ထိုင်းဗဟိုဘဏ်က လျှော့ချ

Sun, 06/24/2012 - 04:08 -- Anonymous (not verified)

    ထိုင်းနိုင်ငံပြင်ပကို ဘဏ္ဍာရေးစီးထွက်မှု ပိုမိုမြှင့်တင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ စီမံကိန်းသစ်တစ်ခုကို ယခုနှစ် တတိယ သုံးလပတ်မှာ စတင်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ထိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပရာဆန်ထရိုင်ရက် ဗိုရာကူးလာ က ပြောကြားပါတယ်။ ယခုစီမံကိန်းအရ ပုဂ္ဂလိကနဲ့ အပြန် အလှန် ရန်ပုံငွေအဖွဲ့များက ပြုလုပ်တဲ့ နိုင်ငံဖြတ်ကျော်ရင်းနှီး မြှုပ်နှံမှု၊ ပင်လယ်ရပ်ခြားဈေးကွက်များရှိ ကြွေးမြီစာချုပ် စာတမ်းများနှင့် ဆင့်ပွားစာချုပ်များ ပါဝင်ပါတယ်။    စီမံချက်အရ ပွဲစားများမှတစ်ဆင့် သို့မဟုတ် ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့မှတစ်ဆင့် ပင်လယ်ရပ်ခြားတွင် ရင်းနှီးမြှုပ်နှံ လိုသူများက ဗဟိုဘဏ်၏ခွင့်ပြုချက်ရယူရန်မလိုဘဲ ဒေါ်လာ ၅ သန်းအထိ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ကော်ပိုရိတ်အဖွဲ့ အစည်းများက စုစုပေါင်းရရန်ပိုင်ခွင့် ဘတ် ၁ ဘီလီယံကျော် ပြနိုင်မည် ဆိုပါက ဗဟိုဘဏ်၏ အတည်ပြုချက်မလိုပဲ ပြည်ပ တွင် ဒေါ်လာ သန်း ၅၀ ရင်းနှီး မြှုပ်နှံနိုင်ပါတယ်။ ထိုသို့ မပြနိုင် ပါက ဒေါ်လာ ၅ သန်းကိုသာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ပင်လယ်ရပ်ခြားလုပ်ဆောင် ချက်များနဲ့ ပင်လယ်ရပ်ခြားရရန်ပိုင်ခွင့်များကို ဗဟိုဘဏ်သို့ အစီရင်ခံရပါမယ်။ နောက်ဆုံးမှာ တစ်သီးပုဂ္ဂလအတွက်နှင့် ကော်ပိုရိတ်ရင်းနှီးမြှုပ်နှံသူ နှစ်မျိုးစလုံးအတွက် ပင်လယ် ရပ်ခြားမှာ စီးပွားရေးလုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်း ဥပဒေတွေကို လျှော့ချသွားမှာဖြစ်ကြောင်း ဒေါက်တာ ပရာဆန်က ပြောပါတယ်။    Source.bangkokpost.com