Main menu

Background

ဘဏ်ထိန်းသိမ်းကွပ်ကဲရေး တင်းကျပ်တဲ့ နည်းဥပဒေများကို တရုတ်မှာ ရွှေ့ဆိုင်း

Sun, 06/24/2012 - 04:13 -- Anonymous (not verified)

    ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ပိုမိုတင်းကျပ်သော ထိန်းသိမ်းကွပ်ကဲရေး စည်းမျဉ်းဥပဒေများ အကောင်အထည်ဖော်ခြင်းကို တရုတ်အစိုးရရွှေ့ဆိုင်းထားခဲ့ပါ တယ်။ တစ်ရိပ်ရိပ်မြင့်တက်နေသော ကမ္ဘာ့စီးပွားရေး မရေရာ မှုကြောင့် စီးပွားရေး ဆက်လက်နှေးကွေးေ နတဲ့အတွက် ဒုတိယအကြိမ်ဆက်လက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါ တယ်။ ကမ္ဘာ့ထိန်းသိမ်း ကွပ်ကဲရေး စံနှုန်းများကိုအခြေခံထားသော စည်းမျဉ်းဥပဒေ သစ်များကို နိုင်ငံတော် ကောင်စီ (ဝန်ကြီးအဖွဲ့) က ဇွန် ၆ ရက်က ကြေညာခဲ့ပါတယ်။ ဒီ စည်းမျဉ်းမှာ ငွေထုတ်ချေးသူ ရဲ့ ငွေအရင်းအနှီး လုံလောက်မှုလျာထားချက် များ၊ ချေးငွေဖြည့်ဆည်းမှုနဲ့ ငွေဖြစ်လွယ်မှုအခြေအနေများကို သတ်မှတ်ပြဌာန်းထား ပြီး ၂၀၁၃ ခုနှစ်ကစပြီး အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။    အသစ်ပြဌာန်းချက်တွေက ဘဏ်လုပ်ငန်းကြီးကြပ်မှု ဘေဆပ်ကော်မတီက ချမှတ်ထားတဲ့  Basel I I   နဲ့  Basel I I I တို့နဲ့အညီသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကော်မတီက မတည်ငွေကြေးလုံလောက်မှုနဲ့ ငွေဖြစ်လွယ် မှုအတွက် ဆောင်ရွက် နေတဲ့ ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း အကြီးအကျယ်ငွေထုတ်ချေးခြင်း ကြောင့် ဖြစ်ပေါ်လာမဲ့ စွန့်စားမှုတွေပိုမို ထိန်းချုပ်ထားနိုင်ဖို့အတွက် တရုတ်အစိုးရ က ယခုနှစ်ဦးပိုင်းကစပြီး စည်းမျဉ်းသစ်တွေချမှတ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လမှာ စတင်အကောင်အထည်ဖော်ဖို့ ရွေ့ဆိုင်းခဲ့ပါတယ်။    ပိုမိုတင်းကျပ်တဲ့ စံနှုန်းတွေကို လာမဲ့နှစ်အထိနောက်တစ်ကြိမ် ရွှေ့ဆိုင်း လိုက်တဲ့သတင်းကို ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက ပထမသုံးလပတ်မှာ ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ သုံးနှစ် ကာလအတွင်း တိုးတက်မှု အနှေးကွေးဆုံး ဖြစ်ပါတယ်။Source.chinadaily.com.cn