Main menu

Background

အာဟာရမဲ့ ကလေးသွားရေစာကြော်ငြာများကို ဒစ္စနေပိတ်ပင်

Sun, 06/24/2012 - 04:14 -- Anonymous (not verified)

    ကလေးတွေကိုဦးတည်ပြီး ကြော် ငြာပေးနေတဲ့ တီဗွီ၊ ရေဒီယိုနဲ့ အွန်လိုင်း အစီအစဉ်တွေမှာ အာဟာရမဲ့ကလေး သရေစာ (Junk-food)  ကြော်ငြာတွေ ကိုပိတ်ပင်တော့မှာဖြစ်ကြောင်း၊ ဒီလို ပိတ်ပင်တာမှာ ပထမဆုံးကုမ္ပဏီကြီးဖြစ် ကြောင်း အမေရိကန်မီဒီယာ နဲ့ ဖျော်ဖြေ ရေးကုမ္ပဏီကြီး ဝေါ့ဒစ္စနေကုမ္ပဏီက ဇွန် ၅ ရက်ကကြေညာပါတယ်။ ကလေး တွေအဝလွန်တာ နဲ့ပတ်သက်ပြီး ဖျော် ဖြေရေးကဏ္ဍရဲ့ အခန်းကဏ္ဍအပေါ် စိုး ရိမ်မှုကိုထိန်းချုပ်မဲ့ ကြိုးပမ်းချက်တစ်ရပ် အဖြစ် ဒစ္စနေက အာဟာရဆိုင်ရာ စံနှုန်း တွေကို တိတိပပသတ်မှတ်ခဲ့ပါတယ်။ သွားရေစာတွေထဲမှာ ပါဝင်ရမဲ့ ကယ် လိုရီနဲ့ အဆီဓာတ်ကန့်သတ်ချက်နဲ့ သ ကြားပါဝင်မှုတွေကို ကန့်သတ်ထားပါ တယ်။    ယခုသတ်မှတ်ထားတဲ့ လမ်းညွှန် ချက်က ၂၀၁၅ ခုနှစ်မှစတင်ပြီး အ သက်ဝင်မှာဖြစ်ပါတယ်။ ကုန်စုံဆိုင်တွေ နဲ့ အခြားလက်လီဆိုင်တွေမှာ ကျန်းမာ ရေးအတွက်ပိုပြီး သင့်တော်တဲ့အစားအ စာစစ်ဆေးမှု Mickey Cheek  ဆိုတာ ကို စတင်ကျင့်သုံးနေပါတယ်။    "မိသားစုတွေက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ကုမ္ပဏီကဆောင်ရွက်နေ ပါတယ်။ အခုတော့ ကလေးတွေအ တွက် အစားအစာကြော်ငြာစံနှုန်းသစ် တွေချမှတ်ပြီး တစ်ဆင့်တိုးဆောင်ရွက် နေပါတယ်''လို့ ဒစ္စနေ ဥက္ကဌနဲ့ အမှု ဆောင်အရာရှိချုပ်ရောဘတ်အစ်ဂါက ပြောပါတယ်။    အမေရိကန်နိုင်ငံမှာ ကလေးအ ရွယ်တွေ ဝဖြိုးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ် မှုတွေမြင့်တက်နေဆဲမှာ ဆိုဒါပုလင်း ကြီးတွေနဲ့ အခြားသကြားဓါတ်ပါဝင်တဲ့ အချိုရည်တွေ ရောင်းချတာကို ပိတ်ပင် ဖို့နယူးယောက်မြို့တော်က အစီအစဉ် တစ်ရပ်ကို ကြေညာပြီးနောက် ဒီလှုပ်ရှား မှုက ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။    အမေရိကန်ကလေးသုံးပုံတစ်ပုံနီး ပါးက ကိုယ်အလေးချိန်များနေတယ်။ သို့မဟုတ် အဝလွန်နေပါတယ်။ လူငယ် လူရွယ်တွေက အဆစ်ရောင်ရောဂါ တ ခြားနာတာရှည်ရောဂါနဲ့ ဆက်နွှယ်တဲ့ အဝလွန်ရောဂါတွေဖြစ်နေပါတယ်။ တစ်ချိန်က  ဒီအဖြစ်မျိုးကို  အရွယ် ရောက်ပြီးသူတွေသာ ဖြစ်တတ်ပါတယ်။