Main menu

Background

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက် လျော့လာ

Sun, 06/24/2012 - 04:26 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်လျော့ကျလာပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ နီးပါးတင်ပို့ခဲ့ရာမှ ဇွန် ၄ ရက်မှ ၈ ရက် အတွင်းမှာတော့ တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ကွန်တိန်နာသယ်ယူ ခနှုန်းထားများ ပြန်လည်ကျဆင်းခဲ့ပေမဲ့ မတ်ပဲဝယ်လိုအားပြန် လျော့လာတဲ့အတွက် တင်ပို့မှုလျော့ကျလာခြင်းဖြစ်တယ်လို့ သိပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၈ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၄၈၀၀၀ ခန့်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၈၀ သန်းကျော်ရှိကြောင်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၃၆၀၀၀ ခန့်သာတင်ပို့မှုရှိပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၅ သန်းခန့်ရှိလို့ ယခုနှစ်မှာ ရရှိတဲ့ မတ်ပဲတန်ဖိုး သန်း ၄၀ ကျော်ခန့်လျော့ကျကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း မတ်ပဲ ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT