ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုက ယခင်သီတင်းပတ်တွေလိုပဲ ပုံမှန်ရှိနေပါတယ်။ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် မတ်ပဲ FAQ သာ အများဆုံးအရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ လတ်တလော မတ်ပဲဈေးကွက်မှာ ပြည်တွင်းရောင်းလက်များမှ ယခင်နှစ်လက်ကျန်မတ်ပဲဟောင်း များ ရောနှောရောင်းချမှုတွေရှိတဲ့အတွက် မတ်ပဲအရည်အသွေးနိမ့်ကာ ဝယ်လက်များ ဈေးပေးဝယ်ခြင်းမရှိဘူးလို့ သိရပါတယ်။ အဟောင်းလက်ကျန်များ ရောနှောနေမှုကြောင့် အိန္ဒိယဘက်မှာလည်း အရည်အသွေးပြဿနာ အချို့ရှိတယ် လို့ သိရပါတယ်။ အရည်အသွေးဆက်လက်ထိန်းသိမ်းခြင်းမရှိပါက မတ်ပဲဈေးမြင့် တက်လာဖွယ်မရှိသလို ဝယ်လက်များ ယုံကြည်မှုနည်းပါးလာနိုင်ကြောင်းလည်း ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ တစ်ပတ်အတွင်း ငြိမ်နေရာ ဇွန် ၁၅ ရက်မှာ မတ်ပဲ FAQ အသစ်တစ်တန် ကန်ဒေါ်လာ ၄၉၅-၅၁၅၊ အသစ် SQ တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀၊ အဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀၊ အဟောင်းSQ တစ်တန် ကန်ဒေါ်လာ ၅၁၀-၅၃၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background