အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပြည်တွင်းမတ်ပဲဈေးငြိမ်နေပေမဲ့ မြန်မာ မတ်ပဲဈေးကတော့ ယခုတစ်ပတ် အနည်းငယ်လျော့လာတာတွေ့ရပါတယ်။ သရက် သီးလှိုင်လှိုင်ပေါ်ချိန် ပဲစားသုံးသူများမှ ဝယ်လိုအား ကျဆင်းတဲ့အတွက် ကုန်သည် များနဲ့ ပဲခွဲစက်များမှလည်း အဝယ်ပါးတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။ လက်ရှိမိုးမတ်ပဲအတွက် MSP ဈေးနှုန်း တိုးမြင့်ခြင်းကြောင့် တောင်သူများ ပဲပိုမိုစိုက်ပျိုးလာဖွယ်ရှိတာကြောင့်လည်း အရောင်းအ ဝယ်ငြိမ်နေတယ်လို့ သိရပါ တယ်။ ဇွန် ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၃၄၅ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-မိမိအေး
Background