ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲ ဖြစ်နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ နီးပါးအရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၅၀၀ ကျော်အထိအရောင်းအဝယ်စာချုပ်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယ မှာပဲစင်းငုံလက်ကျန်ပြတ်လပ်လာပြီဖြစ်တဲ့အပြင် အာဖရိက ပဲစင်းငုံမှာလည်း အိန္ဒိယ ဝယ်လက်ကြိုက်တဲ့ ငုံနီအမျိုးအစား မဟုတ်တဲ့အတွက် အဝယ်သွက်လာခြင်းဖြစ် တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်သွက်လို့ ပြည်တွင်းရောင်းချမှု ဈေးနှုန်းများ တိုးလာပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုပဲ ငြိမ်နေတာ တွေ့ရပါတယ်။ ဇွန်လ ၁၅ ရက် FOB ပဲစင်းငုံအသစ် အနီ FAQ တစ်တန် ကန်ဒေါ်လာ ၅၈၀-၆၀၀ ၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၉၀-၅၁၀၊ ပဲစင်းငုံအဟောင်း အနီ တစ်တန် ကန်ဒေါ်လာ ၅၄၀-၅၆၀ နဲ့ ဖြူနီနဲ့ အဖြူမှာ ကန်ဒေါ်လာ ၄၂၀-၄၄၀ ရှိကြေင်း သိရပါတယ်။ MIRT - MAPT
Background