Main menu

Background

အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေး ဆက်လက် မြင့်တက်

Sun, 06/24/2012 - 04:29 -- Anonymous (not verified)

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံ ဝယ်လိုအား အသင့်အတင့်ရှိလို့ ယခု တစ်ပတ် ဈေးဆက်လက် မြင့်တက်နေပါတယ်။ အစိုးရက မိုးပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တိုးမြင့်ပေးလို့ ပဲစိုက်ပျိုးမှု ပိုမိုမယ်လို့ ခန့်မှန်း ကြပေမဲ့ လတ်တလောမှာ ပြည်တွင်းပဲစင်းငုံလက်ကျန်နည်းနေကြောင်း သိရပါ တယ်။ ပြည်ပက တင်သွင်းပဲစင်းငုံများမှာ ရူပီးတန်ဖိုး ဆက်လက်ကျဆင်းနေတဲ့ အတွက် ဈေးလည်းဆက်လက်မြင့်တက်နေကြောင်း သိရပါတယ်။ ဇွန်လ ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန်တိန်နာ ၁၅ လုံးသာ ဝင် ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                 ၁၄-၆-၁၂    ၁၃-၆-၁၂    ၁၂-၆-၁၂    ၁၁-၆-၁၂မွန်ဘိုင်း          ၆၅၉           ၆၇၄           ၆၆၂       ၆၅၅ကန်ပါ            ၅၇၈            ၅၉၀           ၅၇၇       ၅၉၀ချန်နိုင်း           ၆၆၃           ၆၇၂           ၆၆၂        ၆၇၁MIRT(MAPT)