Main menu

Background

လက်ကျန် ပဲလွန်းဖြူများ ယခုတစ်ပတ် တင်ပို့မှု လျော့

Sun, 06/24/2012 - 04:32 -- Anonymous (not verified)

    ဈေးကွက်တွေမှာ လက်ကျန်နည်း လာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ ယခု တစ် ပတ်မှာ တင်ပို့မှုရော၊ ရောင်းဝယ်မှုပါ လျော့ကျလာပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန်ချိန် ၁၆၀ဝ ခန့်ထိ တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်းမှာ တန်ချိန် ၇၀ဝ သာ တင်ပို့နိုင်တာ တွေ့ရ ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၈ ရက်အထိ စုစုပေါင်း ပဲလွန်းဖြူ တင်ပို့ မှုမှာ တန်ချိန် ၁၂၀ဝ၀ ကျော်ရှိပြီး ကန် ဒေါ်လာ ၉ သန်း နီးပါးရရှိထားရာ ယခင်နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၉၀ဝ၀ ကျော်မှ ရရှိတဲ့ ဝင်ငွေကန်ဒေါ် လာ  ၈ သန်းကျော်ထက် ပမာဏရော ဝင်ငွေပါ ပိုမိုတာ တွေ့ရပါတယ်။     နယ်ဈေးကွက်တွေမှာ လက်ကျန် နည်းနေပြီး ကုန်သည်တချို့မှာသာ လက်ကျန် ရှိတော့တဲ့ ပဲလွန်းဖြူကို ရန် ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် တန် ၁၂၀ သာ အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ လက်ကျန်နည်း ပြီး ဝယ်လိုအားရှိပေမဲ့ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိတာ တွေ့ရပါတယ်။ ဇွန် ၁၅ ရက်မှာ ပဲလွန်း ဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT