အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပြည်တွင်းပဲတီစိမ်းဈေးငြိမ်နေပေမဲ့ မွန်ဘိုင်း၊ ချန်နိုင်းဈေးကွက်မှာ တင်သွင်းပဲတီစိမ်းဈေးလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲတီစိမ်းအဝင်ပုံမှန်ရှိနေတဲ့အပြင် အရောင်းအဝယ်ငြိမ်နေတဲ့ အတွက် ဈေးကွက်အများစုမှာ ဈေးငြိမ်နေပါတယ်။ ဒါပေမဲ့ဆိပ်ကမ်းမြို့ ဈေးကွက် တွေမှာတော့ တင်သွင်းပဲတွေ ဆက်တိုက်ရောက်ရှိနေတာကြောင့် ယခုရက်ပိုင်း တင်သွင်းဈေး ကျဆင်းနေပါတယ်။ ဒါ့အပြင် နွေပဲတီစိမ်းများ ဈေးကွက်အတွင်း ရှိနေတဲ့အတွက် ကုန်သည်များမှ တင်သွင်းပဲများ အဝယ်အေးကြောင်း သိရပါတယ်။ ဇွန်လ ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်း ကို မြန်မာပဲတီစိမ်းကွန်တိန်နာ ၄၆ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၁၄-၆-၁၂ ၁၃-၆-၁၂ ၁၂-၆-၁၂ ၁၁-၆-၁၂မွန်ဘိုင်း(ပဲတီရွှေဝါ) ၇၄၄ ၇၇၂ ၇၅၂ ၇၆၂ချန်နိုင်း(ပဲတီရွှေဝါ) ၇၈၉ ၇၉၉ ၇၈၈ ၇၉၈ဒေလီ ၇၁၇ ၇၂၇ ၇၁၆ ၇၂၆MIRT(MAPT)
Background