Main menu

Background

ပြည်တွင်းလက်ကျန်နည်းလို့ ကုလားပဲ တင်ပို့မှုလျော့

Sun, 06/24/2012 - 04:38 -- Anonymous (not verified)

    ပြည်တွင်းမှာ ကုလားပဲက လက်ကျန်တော်တော်လေးနည်းလာပြီဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း နည်းလာတာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၃၄၀ဝ ခန့် တင်ပို့မှုရှိခဲ့ရာမှ ဇွန်လ ၄-၈ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀ဝ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဇွန် ၈ ရက်အထိ ကုလားပဲစုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၃၃၀ဝ၀ ခန့်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၂၃ သန်းကျော်ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် ၂၃၀ဝ၀ ခန့် တင်ပို့ခဲ့ခြင်းမှ ကန်ဒေါ်လာ ၁၇ သန်းခန့်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏပိုမိုတင်ပို့နိုင်သလို ဝင်ငွေလည်း ပိုမိုရရှိကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာတော့ ယခုတစ်ပတ်လုံး အရောင်းအဝယ်မရှိသလောက်ပါးနေပါတယ်။ ဇွန် ၈ ရက်မှာတော့ ကုလားပဲဖြူလုံးကြီးနဲ့ ခွဲခြမ်း ၂၅ တန်သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ဇွန်လ ၁၅ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၈၀ဝ-၈၂၀ နဲ့ ပြောင်းလဲမှု မရှိကြောင်း သိရပါတယ်။MIRT - MAPT