Main menu

Background

အိန္ဒိယဈေးကွက်မှာ ဩစတြေးလျ ကုလားပဲဈေးပိုလာပြီး ပြည်တွင်းကုလားပဲဈေး အနည်းငယ်လျော့

Sun, 06/24/2012 - 04:39 -- Anonymous (not verified)

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပက တင်သွင်းတဲ့ ကုလားပဲဈေးအနည်းငယ်ပိုလာပေမဲ့ ပြည်တွင်း ကုလားပဲဈေး ကတော့ အနည်းငယ်လျော့ကျမှုရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းစားသုံးသူများမှ ဝယ်ယူမှုလျော့တဲ့အပြင် မိုးပဲစိုက်ပျိုးမှု ပိုမိုမယ့် ခန့်မှန်းချက်များအရလည်း ပြည်တွင်းကုလားပဲဈေး အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်ပမှ တင်သွင်းပဲများမှာ ရူပီးတန်ဖိုးကျဆင်းတဲ့အပြင် နိုင်ငံတကာ ကုလားပဲဈေးခိုင်မာနေခြင်းကြောင့် ဈေးပိုလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇွန် ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်းကို မြန်မာကုလားပဲဖြူလုံးကြီး ကွန်တိန်နာ ၅ လုံး ဝင်ရောက် ကြောင်း သိရပါတယ်။     ဒေါ်လာ/ တန်                ၁၄-၆-၁၂    ၁၃-၆-၁၂    ၁၂-၆-၁၂    ၁၁-၆-၁၂မွန်ဘိုင်း        ၇၈၉            ၇၈၃           ၇၉၉        ၇၉၄ဒေလီ           ၇၅၇            ၇၅၂           ၇၆၇        ၇၆၂ကန်ပါ          ၇၆၂             ၇၅၉           ၇၆၇        ၇၇၁MIRT(MAPT)