Main menu

Background

အောင်ပန်းချင်း အဝင်များပြီး အရောင်းပုံမှန်ရှိနေ

Sun, 06/24/2012 - 04:42 -- Anonymous (not verified)

        ချင်းတက်က ဈေးကွက်မှာ လက်ကျန်တွေအများကြီး ရှိနေပေမယ့် ချင်း(ဥမ) ကလည်း ဈေးကွက်ကို ဝင်လာနေပါပြီ။ အောင်ပန်း၊ ဈေးကွက်မှာတော့ အဝင်က များနေပြီး အရောင်းကတော့ ပုံမှန်သာရှိပါတယ်။ အဓိက ဝယ်လက်တွေဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ ပြည်၊ ပဲခူးက ချင်းထိုးသမားတွေက အခက်ကြီး၊ အခက်လှတွေကို သာ ရွေးပြီးဝယ်ယူကြပါတယ်။ မိုးကလည်း ရွာလာပြီဖြစ်တာကြောင့် အရင်ပတ်တွေ လောက်အရောင်းမသွက် တော့ပါဘူး။ အသစ်ဝင်လာတဲ့ချင်း(ဥမ)တွေက တစ် ပိဿာ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်းတက်ကတော့ တစ်ပိဿာ ၂၀ဝ ကျပ် - ၂၅၀ ကျပ်ဈေးသာရှိပါတယ်။ မြေဖြူချင်းတွေကတော့ တစ်ပိဿာ ၁၅၀ ကျပ် - ၁၆၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ အဝင်နည်းနေပေမယ့် လက်ကျန်ကတော့ရှိနေပါသေးတယ်။ ဒီတစ်ပတ် ပေါက်ဈေးကတော့ တစ်ပိဿာ ၇၀ဝ ကျပ် - ၈၀ဝ ကျပ်ဈေးရှိပါတယ်။    ဟိုပုံးချင်း(ဥမ)တွေကတော့ ဈေးကွက်ကို မဝင်သေးပါဘူး။ အောင်ပန်းထက် နောက်ကျမှ ဖော်တာကြောင့် နောက်လလောက် မှသာ ဈေးကွက်ကို ဝင်လာမှာ ဖြစ်ပါတယ်။ ချင်း(စို)က လက်ကျန်မရှိတာကြောင့် ဈေးမရှိတော့ ပေမယ့် ချင်း ခြောက်ကတော့ တစ်ပိဿာကို ၈၀ဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ဧခိုင်