Main menu

Background

အောင်ပန်းနနွင်းလည်း အရောင်းအေးနေ

Sun, 06/24/2012 - 04:48 -- Anonymous (not verified)

        အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။ တစ်ခါမှာရင် ပိဿာချိန်  ၅၀ဝ -၁၀ဝ၀ ခန့် အမှာရှိတယ်လို့လည်း သိရပါတယ်။ နနွင်းလက်ကျန်ကလည်း အတော်ကျန်နေပါ သေးတယ်။ လက်လီအဝယ်သမားတွေ ကလည်း အနည်းအကျဉ်းဝယ်ယူနေတာကြောင့် နနွင်းက အရောင်းမသွက် ပေမယ့် နည်းနည်းချင်းစီတော့ ရောင်းနေရတယ်လို့ လည်း သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်း ဈေးတွေက အညံ့စတစ်ပိဿာ ၅၀ဝ ကျပ် - ၆၀ဝ ကျပ်ဈေးရှိပြီး၊ အကောင်းစကတော့ ၇၀ဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၉၀ဝ ကျပ် - ၁၀ဝ၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။ဧခိုင်