Main menu

Background

တရုတ်နိုင်ငံ ကြက်သွန်ဖြူအထွက်လျော့ကျမယ့် သတင်းများအရ ကြက်သွန်ဖြူအခြောက်ဈေး မြင့်တက်လျက်ရှိ

Sun, 06/24/2012 - 04:50 -- Anonymous (not verified)

        တရုတ်နိုင်ငံရဲ့ ကြက်သွန်ဖြူထုတ်လုပ်မှုက ယခင် ၂၀၁၁ ခုနှစ်ထက် လျော့ကျမယ့် သတင်းများအပြင် ယခင်နှစ်ထွက်ရှိတဲ့ ကြက်သွန်ဖြူလက်ကျန်လည်း လျော့ကျတဲ့အတွက် မကြာသေးခင်  သီတင်းပတ်များအတွင်း ကြက်သွန်ဖြူခြောက်ဈေး သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ်အစပိုင်းမှာ တရုတ်နိုင်ငံရဲ့ အခြောက်ခံပြီး၊ အရည်အသွေး ကောင်း ကြက်သွန်ဖြူဆိုဒ်သေးများ တင်ပို့မှုနဲ့ ပတ်သက်လို့ တန်ဖိုးမြှင့် အခွန် (VAT)  ၁၅ ရာခိုင်နှုန်းပြန်ပေးခြင်းကို ဖယ်ရှားတဲ့ အစီအစဉ်ကလည်း ဈေးနှုန်းကို မြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။     ကမ္ဘာမှာ ကြက်သွန်ဖြူ စိုက်ပျိုးမှုများတဲ့ တရုတ်နိုင်ငံရဲ့ ယခုနှစ် ထုတ်လုပ်မှုဟာ ရာသီဥတုအခြေအနေအရ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် အထွက်လျော့နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းအနေနဲ့ ကောင်းနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ရှန်ဒေါင်းမှ Yofod  International ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Gao  Lifeng မှ ပြောကြားရာမှာ ရိတ်သိမ်းချိန်မတိုင်မီ ရာသီဥတုဆိုးရွားလို့ မနှစ်ကထက် ကြက်သွန်ဖြူ အထွက်လျော့တဲ့အတွက် ဈေးနှုန်းမြင့်တက်နေပြီလို့ ဆိုပါတယ်။ ယင်းကုမ္ပဏီမှ ယခုနှစ်အတွင်း ဥရောပ၊ တောင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းကို ကြက်သွန်ဖြူတန်ချိန် ၂၀ဝဝဝ ကျော်တင်ပို့ပြီးသွားပြီလို့ သိရပါတယ်။    ကြက်သွန်ဖြူတင်ပို့မှုမှာ စိန်ခေါ်မှုများစွာရှိပေမယ့် ယှဉ်ပြိုင်နိုင်တဲ့ဈေးနဲ့ အရည်အသွေးကောင်းတွေ တင်ပို့ခြင်း ဖြင့် ဆက်ထိန်းထားရတယ်လို့ ဆိုပါတယ်။ တင်သွင်းနိုင်ငံများက အရည်အသွေးကောင်း ကြက်သွန်ဖြူများ လိုချင်ကြပေမယ့်လည်း ဈေးကလည်းကောင်းနေတယ်လို့ ဆိုပါတယ်။ တင်ပို့သူတွေအနေနဲ့ ဈေးကွက်အတက်အကျကို ထိန်းထားဖို့ ကြက်သွန်ဖြူ အရည်အသွေးကောင်းများ ထိန်းထားရတယ်လို့ ဆိုပါတယ်။ တစ်နှစ်ပတ်လုံး အအေး ခန်းသိုလှောင်ရုံတွေမှာ ကြက်သွန်ဖြူများ သိုလှောင်ထားပေမယ့် နောက်ဆုံးထွက်ရှိတဲ့ ကြက်သွန်ဖြူအတွက် ရောင်းချမှုအများဆုံးရာသီကတော့ ယခုလမှ ဩဂုတ်လ အတွင်းဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်Source: freshplaza.com