အိန္ဒိယနိုင်ငံ အီရော့ နနွင်းဈေးကွက်တစ်ခုမှာ နနွင်းဈေးများ ၃ လကြာ ကျဆင်းပြီးနောက် ဇွန် ၁၃ ရက်မှာ တစ်တန် ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)ဈေးဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ နနွင်း တစ်တန် ရူပီး ၄၁၄၉၀ (ကန် ဒေါ်လာ ၇၄၅)နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် ရူပီး ၄၀ဝဝဝ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဝယ်လက်အချို့က အရည်အသွေးကောင်း နနွင်းများရွေးချယ်ပြီး၊ တစ်တန်ရူပီး ၄၀၁၅၀(ကန်ဒေါ်လာ ၇၂၁)ဈေးနဲ့ ဝယ်ယူမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခြားဈေးကွက်တွေမှာတော့ ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)အောက်မှာ ပဲရှိသေးတယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာ ပြောတာကတော့ နနွင်းဈေးက တဖြည်းဖြည်းတိုးလာခဲ့ပြီလို့ ဆိုပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ဈေးကွက်အားလုံးကို အရည်အသွေးကောင်း နနွင်းများဝင်လာတာကြောင့် လှောင်လက်တွေက ဈေးတိုးပေးပြီး၊ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ TANFED မှ နနွင်းလှောင်တဲ့ တောင်သူတွေဆီက နနွင်း တစ်တန် ရူပီး ၄၀ဝဝဝ နဲ့ ၁ ဒသမ ၅ တန်ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရက ဇွန်လ ၁ ရက်နဲ့ ၃၀ ရက်အတွင်း တောင်သူတွေဆီက နနွင်းကို တစ်တန် ရူပီး ၄ သောင်းဈေးနဲ့ ဝယ်ယူဖို့ TANFED ကို ညွှန်ကြားခဲ့တာကြောင့်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၂ ရက်မှာ ယင်းဝယ်ယူမှုအတွက် လေလံခေါ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ယခုအထိ အဲဒီ့ ဝယ်ယူပြီး နနွင်းများ သိုလှောင်ဖို့ နေရာရွေးချယ်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ယနေ့ အချိန်ထိ နနွင်းတောင်သူတွေကို ID ကဒ်များပေးခြင်းမရှိသေးတာကြောင့် စီးပွားဖြစ်ဝယ်ယူမှုကို ဇွန်လ ၁၈ မှ ၃၀ ရက်ထိသာ ဝယ်ယူဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အကယ်လို့ ငွေပေးချေမှု နှောင့်နှေးနေမယ်ဆိုရင် တောင်သူများ အနေနဲ့ ပြဿနာရှာ လိမ့်မယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ ပစ္စည်းဝယ်ယူပြီးတာနဲ့ ချက်ချင်းငွေပေးသင့် တယ်လို့ ဆိုပါတယ်။ ဇွန်လ ၁၃ ရက်မှာ ဈေးကွက်ကို နနွင်းအိတ် ၁၃၀ဝ၀ ဝင်ရောက်တဲ့အနက် အိတ် ၇၀ဝ၀ သာရောင်းချ ရတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၂၃၁၀ဝ-၃၅၈၉၀ (ကန်ဒေါ်လာ ၄၁၅-၆၄၄)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၂၃၆၀ - ၃၄၃၅၀ (ကန်ဒေါ်လာ ၄၀၁-၆၁၇)ရှိတယ်လို့ သိရပါတယ်။ယမင်းခင်Source: hindubusinees
Background