Main menu

Background

ဗီယက်နမ်ကော်ဖီလုပ်ငန်းတွင် ကန်ဒေါ်လာ ၁၈ သန်း ရင်းနှီးမြှုပ်နှံမည့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)

Sun, 06/24/2012 - 04:51 -- Anonymous (not verified)

    ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC) က  ဗီယက်နမ်မှာ ကော်ဖီစက်ရုံထူထောင်ဖို့ ကန်ဒေါ်လာ ၁၈ သန်းကို ခွင့်ပြုပေးသွားမှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်က ကုန်ထုတ်လုပ်မှုစွမ်း ရည် မြှင့်တင်နိုင်ကာ ပြည်တွင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်တော့မှာဖြစ် ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက IFC   ရင်းမြစ်ကိုအခြေခံကာ ပြောကြားလိုက်တယ်။     ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ဆိုင်ရာ IFC ညွှန်ကြားရေးမှူး Simon Andrews က ဗီယက်နမ် ကော်ဖီလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်မှုအလားအလာများစွာရှိကြောင်း ပြောကြားလိုက်တယ်။IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဗီယက်နမ်ရဲ့ အရည်အသွေးမြင့်မားတဲ့ ကော်ဖီတင်ပို့မှု တိုးတက်ရေးနဲ့ ကော်ဖီစိုက်ပျိုးသူတွေနဲ့ ပြုပြင်ထုတ်လုပ်သူတွေရဲ့ ဝင်ငွေတိုးမြင့်လာေ စရေးကို အထောက်အကူပြုမှာဖြစ်ပြီး ပြည်တွင်းကော်ဖီကဏ္ဍကို ယှဉ်ပြိုင်နိုင်စွမ်းရည် တိုးတက်လာစေမှာ ဖြစ်တယ်။၂၀၁၀ ခုနှစ်ကတည်းကIFC က ဗီယက်နမ်ကော်ဖီလုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိနိုင်ဖို့ အကူအညီပေးဖို့အတွက် လေ့ကျင့်ရေးစင်တာတွေထူထောင်ပေးခြင်းနဲ့ ကော်ဖီစိုက်ပျိုးသူတွေကို ကော်ဖီဈေးနှုန်း အမြင့်ရရှိနိုင်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကွင်းဆက်နဲ့ ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရပါတယ်။                     Source: www.livetradingnews.com, အးမွန်မွန်လှိုင်