Main menu

Background

ဒေါ်လာဈေး တစ်နေ့အတွင်း အတက်အကျ သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီး တက်ရိပ်ပြနေခဲ့

Sun, 06/24/2012 - 05:03 -- Anonymous (not verified)

      ယခုတစ်ပတ်အတွင်းတွင် အမေရိကန် ဒေါ်လာဈေးသည် ဇွန် ၁၅ ရက် တစ်နေ့တည်းအတွင်းမှာပင် အတက် အကျသုံးကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။မနက်ပိုင်းဗဟိုဘဏ်မှ ငွေဈေးဖွင့်သည့်အချိန်တွင် အမေရိကန်ဒေါ်လာဈေး သည် ၈၄၂ ကျပ် ဖြစ်သည့်အတွက် ငွေလဲစင်တာတွ င်ရောင်းဈေး ၈၅၃ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ရာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ရောင်း ဈေး ၈၆၀ ကျပ် ဝယ်ဈေး ၈၅၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။သို့သော် နေ့လယ် ၁၂ နာရီတွင် ရောင်းဈေး ၈၅၇ ကျပ် ဝယ်ဈေး ၈၅၀ ကျပ် ဖြစ်လာခဲ့ပြီးနောက် နေ့လယ် ၁ နာရီ မိနစ် ၅၀ တွင် ရောင်းဈေး ၈၅၃ကျပ်နှင့် ဝယ်ဈေး ၈၄၆ ဖြင့် ဈေးပိတ်ခဲ့သည်။" ကျွန်တော်တို့က ဗဟိုဘဏ်က ဈေးဖွင့်တဲ့အပေါ်မှာ မူတည်ပြီးတော့ ဈေးကို သတ်မှတ်ပေးတာပါ။ နေ့လယ်လောက်ကျတော့ အဝယ်ထက် အရောင်းက ပိုများ လာတယ်။ အဲဒါနဲ့ ဈေးက တက်လာခဲ့တာပါ။ နောက်ပြီး ကညန လိုင်စင်ကိုလည်း အရင်တုန်းက အက်ဖ်အီးစီပဲ သွင်းလို့ရတာ။ အခုကျတော့ ဒေါ်လာနဲ့ပါသွင်းလို့ရတဲ့ အတွက် ဒေါ်လာက အဝယ်လိုက်လာတယ်။ အဲဒါကြောင့် ဈေးတက်တာလဲပါ တယ်။ ဒီတစ်ပတ်ဆိုရင် ဇွန် ၁၁ ရက်က ဗဟိုဘဏ်ဖွင့်ဈေးက ၈၄၁ ကျပ်ပဲရှိတာ။ ဇွန် ၁၅ ရက်လည်းရောက်ရော ဗဟိုဘဏ်ဖွင့်ဈေးက ၈၄၄ ကျပ်ဖြစ်နေတယ်။ အဲဒီနေ့ တစ်နေ့တည်းကို ဒေါ်လာက တစ်နေကုန် အရောင်းအဝယ်မပြတ်ဘူး၊ တချို့ဘဏ်တွေဆိုရင် သတ်မှတ်ထားတဲ့ငွေပမာဏ ပြည့်သွားတဲ့အတွက် အဝယ်ကို ရပ်ထားရတာမျိုးတွေရှိခဲ့တယ် '' ဟု အေဂျီဒီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ပြင်ပငွေလဲဈေးကွက်တွင်မူ အမေရိကန်ဒေါ်လာဈေးသည် ရောင်းဈေး ၈၆၀ ကျပ်၊ ဝယ်ဈေး ၈၅၈ ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိသည်။ ငွေလဲစင်တာ များမှ အရောင်းအဝယ်ကို ရပ်ဆိုင်းလိုက်သည့်အချိန်မှစ ၍ ပြင်ပငွေလဲဈေးကွက် မှာ ပြန်လည်ရှင်သန်လာခဲ့ကြောင်း သိရသည်။''အခု ဒီညနေပိုင်းလောက်မှာ တချို့ငွေလဲစင်တာတွေက မလဲပေးနိုင်လို့ ကျွန် တော်တို့ဆီမှာ လာလဲရတဲ့သူတွေ အများကြီးပဲ။ အရင်ရက်တွေတုန်းက သိပ်အလုပ် မဖြစ်ပေမယ့် ဒီတစ်ပတ်ထဲမှာတော့ တော်တော်အလုပ် ဖြစ်တယ်။ ငွေဈေးကလည်း တက်လာတဲ့အခါကျတော့ ငွေလဲတဲ့စင်တာတွေက သတ်မှတ်ထားသလောက်ပဲ လဲခွင့်ရှိတာ။ ကျွန်တော်တို့ဆီမှာကတော့ စိတ်ကြိုက်လဲခွင့်ရှိတယ်။ ဒါပေမယ့် လိမ်တဲ့သူတွေကိုတော့ သတိထားဖို့တော့လိုတယ်"  ဟု ပြင်ပငွေလဲဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။                                           မယ်သီတာ