Main menu

Background

မြန်မာ့ရွှေဈေး အတက်ဘက်သို့ ဦးတည် ဒေါ်လာဈေးတက်လာခြင်းကြောင့် ရွှေဈေးတက်ရသည်ဟုဆို

Sun, 06/24/2012 - 05:03 -- Anonymous (not verified)

     ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အတက်ဘက်သို့ ပြန်လည်ဦး တည်လာခဲ့သည်။ ယင်းကဲ့သို့ ပြန်လည် မြင့်တက်လာ ရခြင်းမှာ အမေရိကန်ဒေါ် လာဈေး  မြင့်တက်လာ ရခြင်းကြောင့် ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များအသိုင်း အဝိုင်းမှစုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ် ဇွန် ၁၁ ရက်တွင် အခေါက်ရွှေ တစ် ကျပ်သားလျှင် ၇၁၇၅၀ဝ ကျပ် ရှိခဲ့ပြီး ဇွန် ၁၃ ရက်တွင် ၇၂၈၀ဝ၀ သို့ မြင့် တက်လာခဲ့သည်။ ထိုနေ့ကစ၍ အမေ ရိကန်ဒေါ်လာဈေးသည်လည်း  မြင့် တက်ခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်း နှင့် တွက်ချက်သည့်အခါတွင် ဈေးနှုန်း မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း   သိရ သည်။'' ဒီတစ်ပတ်မှာ  ရွှေဈေးတက်လာ တယ်။ ဒါကလည်း ဒေါ်လာဈေးတက် လာတာနဲ့ဆိုင်ပါတယ်။ ဒေါ်လာဈေး တက်လာတာကို ကမ္ဘာ့ရွှေဈေးနဲ့တွက် လိုက်တဲ့အခါကျတော့ မြန်မာ့ရွှေဈေး ကတက်လာတာပဲ။  ဒါပေမယ့်လည်း မဆိုစလောက်တက်တာပါ။ သိပ်အများ ကြီးတော့ တက်မလာပါဘူး။ ရွှေဈေး တက်တယ်ဆိုပေမယ့်လည်း အရောင်း အဝယ်က ပုံမှန်အတိုင်းပဲရှိနေတယ်။ အထည်ဝယ်တဲ့သူတွေကတော့ မပြတ် ပါဘူး။ ဈေးနည်းနည်းတက်လာတယ် ဆိုတော့   ဝယ်ရောင်းလုပ်တဲ့သူတွေ အတွက် ပြန်ပြီး အဆင်ပြေလာတာ ပေါ့" ဟု ရွှေကုန်သည်တစ်ဦးက ပြော သည်။မြန်မာ့ရွှေဈေးသည် ဇွန် ၁၅ ရက် တွင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တက်လာသည့်အတွက် ကမ္ဘာ့ရွှေဈေး အနည်းငယ်  ကျဆင်းလာသော်လည်း မြန်မာ့ရွှေဈေးမှာမူ ကျဆင်းခြင်းမရှိခဲ့ ကြောင်း သိရသည်။     မယ်သီတာ