ရေကြောင်းလမ်းမှ ဘိလပ်မြေတံဆိပ်မျိုးစုံဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၃ ရက်မှ ၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၄၉၄၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သိန်းနှစ်ဆယ် ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံဘက်မှ ဘိလပ် မြေများသာ တင်သွင်းခဲ့ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၄၈၈၄ ဒသမ ၈၅ တန်၊ ကျောက်ဆူးတံဆိပ် ဘိလပ်မြေ ၅၇၀ဝ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၅၇၀ဝ တန်နဲ့ အခြားတံဆိပ်မျိုးစုံ တန်ချိန် ၈၅၅၆ တင်သွင်းခဲ့ပါတယ်။ ယခင်သီ တင်းပတ်မှာ ထိုင်းနိုင်ငံမှသာမက တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ဘက်မှပါ တင်သွင်းခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ထိုင်းတစ်နိုင်ငံမှပဲတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်လေး သောင်းကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် တစ်သောင်းကျော် အဝင်လျော့ခဲ့ပါတယ်။ MIRT(DOT)ဘိလပ်မြေတန် ၄၀ဝ၀ နီးပါး နယ်စပ်စခန်းများမှ အသွင်းရှိဇွန် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၃၂၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၃၉၄၅ တန်ခန့် အသွင်းရှိခဲ့ ရာ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၈၉၇ တန် အသွင်းလျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၇၇ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၀၂ တန်၊ လွယ်ဂျယ်မှ ၁၈၁ တန်၊ တာချီလိတ်မှ ၁၂၁၇ တန်၊ မြိတ်မှ ၁၇၈၅ တန်နဲ့ မောင် တောမှ ၄၈၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မြိတ်နယ်စပ်စခန်းအနေနဲ့ ယခင် အပတ်ကအသွင်း မရှိခဲ့ပေမဲ့ ယခုအပတ်မှာ အသွင်းရှိခဲ့ပြီး ကျန်စခန်းများမှ အသွင်း များ လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT(DOBT)မိုးရာသီအတွင်း အရောင်းပုံမှန်လေးပဲရှိနေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်နဲ့စာရင် အရောင်း ပုံမှန်ပြန်ဖြစ်လာပေမဲ့ ဘိလပ်မြေဈေးက နည်းနည်းတက်လာတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆင် (ထိုင်း)က တစ်အိတ်ကို ၁၀ဝ ကျပ်၊ မြင်းခေါင်းက ၂၀ဝ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က ၄၀ဝ ကျပ်ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက မြင်းခေါင်းတစ်အိတ်ကို ၃၆၀ဝ ကျပ်၊ ဆင် (ထိုင်း) တစ်အိတ်ကို ၅၀ဝ၀ ကျပ်၊ ကြံ့(မြိုင်ကလေး)က ၄၆၀ဝ ကျပ်တို့ဖြစ်ကြောင်း သိရ ပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဝန်ထမ်း တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ကြံ့(မြိုင်ကလေး) ဘိလပ် မြေကသုံးရာ ကျပ် ဈေးမြင့်လာပြီး ကျန်ဘိလပ်မြေများက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) တစ်အိတ်ကို ၅၅၀ဝ ကျပ်၊ စိန် (ထိုင်း) က တစ်အိတ်ကို ၅၃၀ဝကျပ်၊ ကြံ့(မြိုင်ကလေး)က တစ်အိတ်ကို ၄၈၀ဝ ကျပ် ဈေးနဲ့ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက အရောင်းအေးနေတယ် လို့ သိရပါတယ်။ အရောင်းအေးနေသလို ဈေးကလည်း ယခင်တစ်ပတ်အရောင်း အဝယ်ဖြစ်တဲ့ဈေးအတိုင်း ငြိမ်နေပါတယ်။ စိန် (ထိုင်း) ၇၄၀ဝ ကျပ်၊ ခြင်္သေ့ ၅၀ဝ၀ ကျပ်၊ မြို့တော် ၄၈၀ဝ ကျပ်၊ နဂါး ၅၈၀ဝ ကျပ်နဲ့ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဆင်(ထိုင်း) ဘိလပ်မြေက ပုံမှန်ဈေးရှိနေ ပေမဲ့ မြင်းခေါင်းတံဆိပ်ဘိလပ်မြေက လေးရာကျပ်ဈေးမြင့်လာတယ်လို့ ပြောပါ တယ်။ ဘိလပ်မြေအရောင်းဆိုင်မှာ ရောင်းနေတဲ့ ဈေးနှုန်း တွေက ဆင် (ထိုင်း)က တစ်အိတ်ကို ၅၇၀ဝ ကျပ်၊ မြင်းခေါင်းဘိလပ်မြေက တစ်အိတ်ကို ၄၃၀ဝ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိနေတယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ် ဈေးအနည်းငယ်တက်ခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ လည်း ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ၃၀ဝ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးက ဆင်(ထိုင်း) ၅၈၀ဝကျပ်၊ စိန်(ထိုင်း) ၅၆၀ဝ ကျပ်၊ မြင်းခေါင်း ၅၃၀ဝ ကျပ်နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ MIRT(DOT)
Background